ပခုက္ကူမွှင်းခါး၄ပွဲ(ရုပ်သံ)

ပခုက္ကူမြို့နယ်၊ ကန်တော်ရွာအနီး စစ်သားများ လိုက်ပါလာသော ကားကို မိုင်းဆွဲပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး (ရုပ်သံ)

ဒီဇင်ဘာ ၁၂ ရက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တော်ရွာအနီး အကြမ်းဖက် စစ်သားများ လိုက်ပါလာသော ကားကို မိုင်းဆွဲပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြိုင် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ အကြမ်းဖက် စစ်သားများ တင်ဆောင်လာသော ကားကို ပခုက္ကူမြို့နယ်၊ ကန်တော်ရွာအနီးတွင် မိုင်းပွိုင့် ၄ ခုဖြင့် တိုက်ခိုက်ပြီး ဒရုန်းဖြင့် အီနာဂါ အလုံး ၂၀ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၄ ဦး သေဆုံးကာ ၈ ဦးခန့် ဒဏ်ရာရရှိ​ပြီး Black Cobra မှ ဒရုန်း ၂ စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို The Red Revolters၊ Black Cobra၊ PKU Thurain၊ Young Force (UG)၊ Pakokku People Defence Force (PPDF)နှင့် ဓါးမင်းကြီး(DMG) တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *