တာဝါတိုင်၂တိုင်မီးခိုအူပြန်ပြီ(ရုပ်သံ)

မန္တလေးတိုင်း နွားထိုးကြီးနဲ့ ငါန်းဇွန်မြို့နယ်ရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်တွေကို မိုင်းခွဲ ရှင်းလင်း (ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နဲ့ ငါးဇွန်မြို့နယ်ရှိ Mytel တာဝါတိုင် ၂ ခုကို မိုင်းခွဲရှင်းလင်းခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၄ ထံမှ သတင်းရရှိပါတယ်။

ဒီဇင်ဘာလ ၁၂ ရက် နံနက် ၁၁ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ လုံးတောကျေးရွာရှိ Mytel တာဝါတိုင်နဲ့ ဒီဇင်ဘာလ ၉ ရက် ညနေ ၆ နာရီခန့်က ငါးဇွန်မြို့နယ်၊ အောာင်ချမ်းသာကျေးရွာရှိ Mytel တာဝါတိုင်တို့ကို မိုင်းခွဲရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

အထက်ပါ မိုင်းခွဲရှင်းလင်းမှုကို မြင်းခြံခရိုင် တပ်ရင်း ၄ နွားထိုးကြီး PDF ၊ Black Dragon၊ One Day Revolution Force ၊ Dog Hunter ၊ Fire Dragon (KU)၊ မုန်တိုင်း မိုင်းအဖွဲ့၊ ရွှေဘို ခရိုင်တပ်ရင်း ၄ နဲ့ နယ်မြေခံ (ပကဖ)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *