အဘလည်းမကယ်နိုင်တော့ဘူး

အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ ရဲကင်းစခန်း အနီး နေထိုင်သော ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ဒီဇင်ဘာ ၂၃ ရက်

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ ရဲကင်းစခန်း အနီး နေထိုင်သော ပျူစောထီး ၁ ဦး ကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ ရဲကင်းစခန်းအနီး၌ နေထိုင်သည့် ပျူစောထီး သန်းဇော်ဦးကို တံငါကုန်းရွာအနီး၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) က ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

“အဲ့ကောင်က အမည်ကြီး အရင်နှစ်က ရှောင်နေသေးတယ်။ ခုနောက်ပိုင်း ဇောင်းပြန်ကြွလာတာ အရင်က PDF ကို ငါနဲ့ကိုင်တုတ်ဆဲဆိုပြီး စိန်ခေါ်ဖူးတယ်။ သူ့ကြောင့် ပြည်သူ တချို့တိမ်းရှောင်နေရတယ် အိမ်တွေချိတ်ပိတ်ခံရတယ်။ သူကပြည်သူနဲ့ တော်လှန်ရေးကို ဒုက္ခပေးမယ့်သူမို့ မဖြစ်မနေရှင်းရတာ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သေဆုံးသွားသော ပျူစောထီး သန်းဇော်ဦးသည် စစ်တပ်၏ အမာခံ ထောက်တိုင် တစ်ဦးဖြစ်ကာ တော်လှန်ရေး ရဲဘော်များ၏ သွားလာလှုပ်ရှားမှုများနှင့် PDF စခန်း တည်နေရာများကို စုံစမ်းထောက်လှမ်း၍ စစ်တပ်ထံ သတင်းပေးခြင်း၊ ဒေသ ပြည်သူများကို စစ်တပ်ထံ သတင်းပေး ဖမ်းဆီးခိုင်းခြင်း၊ ပြည်သူများကို ရဲနှင့် စစ်တပ် အားကိုးကာ ဖိနှိပ်ဒုက္ခပေးနေ၍ အမည်ဆိုးဖြင့် လူသိများသူဖြစ်ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *