အညာမှာ စခတွေ ခဝေးပြေး ဝက်ပြေး(ရုပ်သံ)

အရာတော်မြို့ရှိ နောင်ကြီးအိုင်စစ်စခန်းမှ အာဏာသိမ်းစစ်ကောင်စီစစ်သားများ စခန်း စွန့်ခွာ (ရုပ်သံ)

ဒီဇင်ဘာလ ၂၃ ရက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့၊ နောင်ကြီးအိုင်ကျေးရွာရှိ အာဏာသိမ်းစစ်တပ်စစ်စခန်းမှ စစ်သားများက စခန်းကို စွန့်ခွာသွားပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း Red Star PDF က ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်ထားပါသည်။

ယမန့်နေ့တွင် နောင်ကြီးအိုင်ကျေးရွာရှိ အာဏာသိမ်းစစ်တပ်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် စခန်းစွန့်ခွာပြီး ဆုတ်ခွာသွားပေမဲ့ မကျီးကန် နှင့် ကုန်းသာခြားရွာအရောက်တွင် တိုက်ခိုက်ခံရတာကြောင့် တပ်ကြပ်ကြီး တစ်ဦးအပါအဝင် ဆယ်ဦး သေဆုံးခဲ့ကြောင်း Red Star PDF က ပြောဆိုပါသည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း အာဏာသိမ်းစစ်တပ်က MI35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် မိနစ် ၅၀ ကြာလာရောက်ပစ်ခတ်ခဲ့ပေမယ့် ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးကာလ သုံးနှစ်တာ ပြည့်ခါနီးတွင် အာဏာသိမ်းစစ်တပ်က ပြည်သူ့ကာကွယ်ရေးရဲဘော်များ နှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏တိုက်ခိုက်မှုများကြောင့် စခန်းစွန့်ခွာထွက်ပြေးမှုများအပြင် စခန်းဆုံးရှုံးမှုများစွာ ရှိလာကြသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *