Congratulationsအားတတ်စရာ သတင်းထူးတွေ ဆက်တိုက်ဘဲ

စစ်အာဏာရှင်တော်လှန်ရေးအရှိန် ပိုမိုမြှင့်တင်ရန် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ တိုက်တွန်း

ဒီဇင်ဘာ ၂၆ ရက်

အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြသည့် တော်လှန်ရေးအဖွဲအစည်းတိုင်းအနေဖြင့် တော်လှန်ရေးအရှိန်ကို ယခုထက် ဆက်လက်၍ ပိုမိုမြှင့်တင်ကြရန် မြောက်ပိုင်းညီနောင်ဟာမိတ်တပ်ဖွဲ့က တိုက်တွန်းလိုက်သည်။

ရှမ်းမြောက်နှင့် ရခိုင်ဒေသက စစ်ရေးအခြေအနေများကို ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ ၁၂ နာရီအချိန်က သတင်းထုတ်ပြန်ရာတွင် ညီနောင်မဟာ မိတ်တပ်ဖွဲက ပြောဆိုခဲ့ခြင်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးမှစ၍ မြန်မာနိုင်ငံအနှံအပြားမှ ဘုံရန်သူ စစ်ကောင်စီအား တော်လှန်တိုက်ခိုက်လျှက်ရှိကြသည့် တော်လှန်ရေးအဖွဲအစည်းတိုသည် စစ် ဆင်ရေးကို တစ်ဆင့်ပြီးတစ်ဆင့် ပြိုင်တူမြှင့်တင်သွားရမည်ဟု ညီနောင်အဖွဲ့က ဆိုသည်။

“ထိုကြောင့် စစ်ကောင်စီကို တော်လှန်နေကြသည့် အဖွဲစည်းတိုင်းသည် တော်လှန်ရေးအရှိန်ကို ယခုထက် ဆက်လက် အရှိန်အဟုန်မြှင့်တင်၍ လုပ် ဆောင်သွားကြရန် မိမိတို့မှ ထပ်မံတိုက်တွန်းလိုက်ပါသည်။ ” ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့က တိုက်တွန်းသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ် MNDAA, တအောင်းတပ် TNLA နှင့် ရက္ခိုင့်တပ်တော် AA တိုမှာ စစ်ဆင်ရေးတင်ခဲ့နေ့မှစ၍ ယနေ့ ၆၁ ရက်မြောက်နေ့အထိ ယခင်ရက်များနည်းတူ စစ်ဆင်ရေးများ မပျက်မကွက်ဘဲ စစ်ကောင်စီအား တော်လှန်တိုက်ပွဲနေကြောင်း သိရသည်။

တစ်ပြိုင်နက်တည်း ၁၀၂၇ စစ်ဆင်ရေးမှစတင်ခဲ့သည့် “တစ်နိုင်ငံလုံးအတိုင်း အတာစစ်ဆင်ရေးကြီး” သည် ညီနောင်မဟာမိတ်များနှင့် အခြားသော မိတ်ဖက်အဖွဲ့အစည်းတို အကြားတွင် စည်းဝါးကိုက်ညီတိုင်ပင်ထားကြသည့်အလား “ဟန်ချက်ညီစစ်ဆင်ရေးကြီး” အဖြစ် ထင်ရှားစွာ တွေ့မြင်လာနေရသည်ဟု ညီနောင်မဟာမိတ်တပ်ဖွဲ့က ဆိုသည်။

ထိုကြောင့် တော်လှန်ရေးအဖွဲအစည်းများအားလုံးအပါအဝင် မြန်မာပြည် သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း ကိုယ်တိုက်မှ ကိုယ်ရမည်၊ ရန်သူ့လက်နက် ကိုယ့်လက်နက်ဟု သတ်မှတ်ကာ ရောက်ရှိသည့်နေရာမှ အာဏာသိမ်း စစ်ကောင်စီအား တွန်းလှန်တိုက်ပွဲဝင်ကြရန်လည်း ညီနောင်မဟာမိတ်တပ်ဖွဲ့က တိုက်တွန်းထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *