ယုံကြည်စွာအပ်နှံ နွေဦးဘဏ်မကြာခင်ဖွင့်ပြီနော်

နွေဦးဖွံ့ဖြိုးရေးဘဏ်ရဲ့ ပထမဆုံး မြေပြင်ဘဏ်ခွဲကို ကောလင်းမြို့မှာ စတင်ဖွင့်လှစ်မယ်…

+++++++++++++++

ဒီဇင်ဘာ ၂၆

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank)ရဲ့ ပထမဆုံးသော မြေပြင်ဘဏ်ခွဲကို ကောလင်းမြို့မှာ စတင်ဖွင့်လှစ်တော့မယ်လို့ နွေဦးဖွံ့ဖြိုးရေးဘဏ်က ဒီကနေ့ တရားဝင်ထုတ်ပြန်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ကောလင်းမြို့မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး မကြာမီ ကာလအတွင်းမှာ ဘဏ်ဝန်ဆောင်မှုတွေ စတင်ပေးတော့မယ်လို့ ကြေညာထားပါတယ်။

“လေလှိုင်းက ဘဏ် ဆိုပြီး လေအလွင့်မှာ တချက်တချက် ထခုန်တဲ့ ကြွပ်ကြွပ်အိတ်လို မလိုသူတွေက ရယ်မောကြတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ဒစ်ဂျစ်တယ်ဘဏ် ဖြစ်တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် ပထမဆုံး မြေပြင်ဘဏ်ခွဲမှ နွေဦးချစ်သူတွေကို မကြာမီ ကာလအတွင်းမှာ ဘဏ်ဝန်ဆောင်မှုတွေ စတင်ပေးပါတော့မယ်။ လွယ်မယ်ထင်လို့ လှမ်းခဲ့ကြတာမဟုတ်၊ နိုင်ကို နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ နွေဦး ခရီးကြမ်း ကို လမ်းဖောက်ခဲ့ကြတာပါ။ အခုဆို ပန်းတိုင်ကို မြင်နေရပါပြီ။ ပေါ်လာသမျှ ထိုးနှက်မှု အခက်အခဲတိုင်း ကို အားအဖြစ်ယူရင်း တဦးနဲ့တဦး လက်ချင်းခိုင်ခိုင်တွဲပြီး ဖီးနစ်ငှက်လို နှလုံးသားနဲ့ ပန်းတိုင်ဆီသို့ အရှိန်မပျက် တဟုန်ထိုး အတူပျံကြမယ်ဆိုတာ နွေဦးဘဏ်မှ နွေဦးသစ္စာ အဖြစ် ထပ်လောင်း တိုင်တည်အပ်ပါတယ်။” လို့ Spring Development Bank က တရားဝင် ကြေညာလိုက်တာဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *