ကိုလှရွှေတို့များအဖော်ပါခေါ်သွားသေးတယ်(ရုပ်သံ)

မုံရွာမှာ ဒဏ်ရာရ ရဲ ၁ ဦးကို လူနာတင်ယာဥ်နဲ့ စစ်ဆေးရုံကို ပို့ဆောင်ချိန် ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၅ ဦး သေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ

++++++++++++++

ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ဒဏ်ရာရရဲ ၁ ဦးကို လူနာတင်ယာဥ်နဲ့ စစ်ဆေးရုံကို ပို့ဆောင်ချိန် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၅ ဦး သေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ပရဟိတကားကို ချောဆွဲပြီး သာစည်ရဲစခန်းက ထွက်လာတဲ့ ဒဏ်ရာရ ရဲတစ်ဦး၊ အစောင့်စစ်သားနဲ့ ရဲ ၄ ဦးလိုက်ပါလာသည့် ကားတစ်စီးကို ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရာ မရပ်တန့်တာကြောင့် ပစ်ခတ်ဖမ်းဆီးတာမှာ ကားပေါ်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သား ရဲ ၅ ဦးစလုံးသေဆုံးသွားတယ်လို့ သိရပါတယ်။

အဲ့ဒီပစ်ခတ်ဖမ်းဆီးမှုအတွင်း အကြမ်းဖက်စစ်သားများ အသုံးပြုတဲ့ G3 သေနတ် ၂ လက်၊ MA 13 သေနတ် ၁ လက်ကို သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့တဲ့အပြင် ပရဟိတ ကားသမားနှစ်ဦးကိုလည်း ဘေးကင်းလုံခြုံစွာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အမှတ် ၂တိုက်နယ် ပကဖ ဒုတိုက်နယ်မှူး ဦးစီးပြီး အမှတ် ၂ တိုက်နယ် ပကဖ၊ တောကျွဲကြီး‌ ပြောက်ကျားတပ်ဖွဲ့၊ မုံရွာမြို့နယ် ပြည်သူ့ လုံခြုံရေးအဖွဲ့ – ပလဖ၊ God of Monywa ၊ Golden Eagle၊ ပုဏ္ဏက ပျောက်ကြားတပ်ဖွဲ့နဲ့ မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *