လှလိုက်တဲ့မြင်ကွင်း ဝင်ရှိုးလိုက်(ရုပ်သံ)

ချောက်မြို့နယ်တွင် စစ်ကား ၃ စီးကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ထိခိုက် သေဆုံးမှု များပြား (ရုပ်သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကတိုင်ကျေးရွာနှင့် ကံပေါက်ကျေးရွာကြားတွင် အကြမ်းဖက်စစ်ကား ၃ စီးကို မိုင်းဆွဲပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း Chauk Guerilla Force – CGF ခေါင်းဆောင် ဗိုလ်ပေတ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဒီဇင်ဘာလ ၂၆ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က ချောက်မြို့နယ်၊ ကတိုင်ကျေးရွာနှင့် ကံသစ်ကျေး ရွာကြားသို့ စစ်ကား ၃ စီးဖြင့် ကင်းလှည့်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ ကား ၃ စီးကို မိုင်းဆွဲပြီး ၁၅ ပေခန့်အကွာမှ နေရာယူပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီ တပ်သား ၁၅ ဦးထက်မနည်း ပွဲချင်းပြီးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“ချောက်မြို့နယ်၊ ကတိုင်ကျေးရွာနဲ့ ကံသစ်ကျေးရွာအကြား မနေ့က ညနေ ၅ နာရီခွဲလောက်က ကျ နော်တို့ Aung San’s Land Natmauk အဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အသင့်အနေအထားနဲ့ ၁၅ ပေအကွာကနေ စစ်ခွေး ကား ၃ စီးကို စောင့်ကြိုပစ်ခတ်ခဲ့တာ ၁၅ ဦးပွဲချင်းပြီးသေတယ်၊ ကျနော်တို့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်၊ စစ်ကြောင်းက ရွာမ၊ ကံသစ်ကုန်း၊ ကတိုင်ကျေးရွာတွေကို ကင်းလှည့်ပတ်သွားလာနေတာ၊ လက်နက်ကြီးပစ်ကူတွေ ရမ်း သမ်း ပစ်ခတ်နေတဲ့ကြားကနေ သတင်းကြိုရလို့ နေ့တဝက်လုံးစောင့်ကြိုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ တာပါ” ဟု Aung San’s Land Natmauk တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Aung San’s Land Natmauk တပ်ဖွဲ့၊ ငါးပြေမပျောက်ကြားတပ်ဖွဲ့၊ Chauk Revolution Army(ရေနံမြေ)၊ မကွေးခရိုင်တပ်ရင်း ၂ ၊Chauk Guerrilla Force တပ်ဖွဲ့နှင့်‌ ချောက် ပကဖ တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့မှစ၍ ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်သားများက ကင်းလှည်ခြင်း၊ ပြည်သူများကို အကြမ်းဖက်စစ်ဆေးခြင်းများ ပြုလုပ်နေသဖြင့် သတိဝရိယဖြင့် သွား လာ နေထိုင်ကြပါရန် Chauk Guerilla Force – CGF သတိပေးထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *