ဂျက်မက ဒါလေးတောင်လေးတောင်..မရှောင်နိုင်ဘူးလား

မန္တလေးတွင် အမှုစစ်ရဲဖြစ်သူ ဒုရဲအုပ် ဂျက်မ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

မန္တလေးမြို့တွင် အမှတ် ၈ ရဲစခန်းမှ ဒုရဲအုပ် ရဲမေ ဂျက်မ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ရဲသတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် မန္တလေးမြို့ ၈၁ လမ်းနှင့် ၂၉ လမ်းထောင့် အနီးရှိ ဗဟို မီးသတ်အနီးတွင် ဒုရဲအုပ် ဂျက်မကို သေနတ်ဖြင့် ပစ် ခတ်သွားခြင်းဖြစ်ပြီး ဆေးရုံတွင် သေဆုံးသွားကြောင်း သိရှိရသည်။

“အဲဒီဒုရဲအုပ် အမျိုးသမီးက ယာဉ်ထိန်းရဲလည်း လုပ်တယ်။ ဆိုင်ကယ်နဲ့ သွားလာတဲ့အချိန် ပစ်သွားတာ။ သူက Tiktok မှာ ဂျက်မ ဆိုတဲ့ နာမည်နဲ့ တစ်တော့တွေ ဆော့တယ်။ အမှတ် ၈ ရဲစခန်းမှာ အမှုစစ်ရဲလည်း လုပ်တယ်။ ပစ်သွားတာက ကျည်ဆန်က လည်ပင်းကို ဖောက်ထွက်သွားတယ်” ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *