ရန်ကုန်သားတွေက ပြတ်သားတယ်

စစ်ကောင်စီနှင့်ပတ်သက်နေခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်နေခြင်းကြောင့် စီးပွားရေးပစ်မှတ်အဖြစ် တာမွေ The Maze ကလပ်ကို ဖောက်ခွဲတိုက်ခိုက်ဟု Dark Shadow အဖွဲ့က ပြောဆို

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် စစ်ကောင်စီနှင့်ပတ်သက်နေခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်နေခြင်းကြောင့် စီးပွားရေးပစ်မှတ်အဖြစ် တာမွေ The Maze ကလပ်ကို ဖောက်ခွဲတိုက်ခိုက်ဟု Dark Shadow အဖွဲ့မှ ခေါင်းဆောင်ဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၁ နာရီ ၂၃ မိနစ်အချိန် တာမွေမြိုနယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ The Maze ကလပ်ကို ကျွန်ုပ်တို Dark Shadow တပ်ဖွဲမှ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုကလပ်သည် စစ်ကောင်စီနှင့် ဆက်နွယ်သော အသိုင်းအဝိုင်းမှ လူများ ပျော်ပွဲရွှင်ပွဲများ စီစဉ်ကျင်းပရာ နေရာဖြစ်ပြီး မူးယစ်ဆေးဝါးများ ရောင်းချ သုံးစွဲရာနေရာလည်းဖြစ်သောကြောင့် စစ်ကောင်စီ၏ စီးပွားရေးဆိုင်ရာ ပစ်မှတ်အဖြစ် သတ်မှတ်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Dark Shadow (UG) အဖွဲ့အနေဖြင့် ရန်ကုန်မြိုရှိ စစ်ကောင်စီ၏ စစ်ရေး၊ အုပ် ချုပ်ရေး နှင့် စီးပွားရေး ဒေါက်တိုင်များကို တိုက်ခိုက်လျက်ရှိပြီး Dark Shadow (UG) ညီနောင်များက တော်လှန်ရေးကာလ စတင်သည့်နေ့မှ စ၍ ယနေ့တိုင် အခက်အခဲ၊ ဆုံးရှံးမှုများစွာ ရှိခဲ့သော်လည်း တစ်ရက်မှ မနားခဲ့ကြောင်း၊ လူထုနှင့် တော်လှန်ရေး အပေါ် သစ္စာရှိစွာဖြင့် မစ်ရှင် များကို ပိုမို ကြိုးစားလုပ်ဆောင် သွားပါမည် ဖြစ်ကြောင်း နှစ်သစ်ကတိပြုချက်အဖြစ် ပြည်သူသို့ အသိပေးပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *