ဒိုင်းညောင့်မထွက်ပေမဲ့ နတ်နတ်သီးတော့ကျွေးခဲ့တယ်

မြောက်ဥက္ကလာပတွင် စစ်ကောင်စီအတွက် အလုပ်လုပ်နေသူတစ်ဦးကို ပစ်ခတ် ရှင်းလင်းစဉ် သေနတ်ကျည်မထွက်၍ နေအိမ် ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁

ရန်ကုန်တိုင်း၊ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ဌ ရပ်ကွက်၊ စကားဝါလမ်းတွင်နေထိုင်ပြီး အ ကြမ်းဖက်စစ်ကောင်စီအတွက် အလုပ်လုပ်နေသူတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်း လင်းရာ သေနတ် ကျည်မထွက်သဖြင့် နေအိမ်ကို ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပ မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၇ နာရီအချိန် မြောက်ဥက္ကလာမြို့နယ်၊ ဌ ရပ်ကွက်၊ စကားဝါ ၅ လမ်းတွင် နေထိုင်သူ မဖြူ (ခ) ဇီးကွက်မသည် အကြမ်းဖက်စစ်ကောင်စီအတွက် သတင်းများစုဆောင်းခြင်း၊ စစ်တပ်အတွက် အလုပ်လုပ်ခြင်း စသည့် ပြည်သူကို အမျိုးမျိုး ဒုက္ခပေးနေ ကြောင်း ပြည်သူများ၏ တိုင်ကြားချက်အရ သွားရောက် သေနတ်ဖြင့် ပစ်ခတ်ရာ သေနတ် မှာ ကျည်ညှပ်ပြီး Error တပ်သွားသဖြင့် နေအိမ်ကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုကို စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း၊ ပြည်သူများကို ဒုက္ခပေးနေသော စစ်ကောင်စီထောက်တိုင်များကို ဆက်လက်ပြီး ထိရောက်စွာ အပြစ်ပေးသွားမည်ဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုသည်။

“နေအိမ်ကို ဗုံးခွဲတာ သူ့မိသားစုဝင်တစ်ဦးတော့ ဒဏ်ရာရတယ်။ ကျနော်တို့ ရဲဘော်တွေ မနည်း ဘေးကင်းအောင် ပြန်ဆုတ်ခွာရတယ်။ ကျည်က ညှပ်သွားပြီး မထွက်တာ” ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယင်းနောက် စစ်ကောင်စီတပ်က လမ်းများပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မြောက်ဥက္ကလာပမြို့နယ်၊ ဌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *