အာပီဂျီနဲ့ဆော်တာ မွှင်းခါး၈ပွဲ(ရုပ်သံ)

နွားထိုးကြီးမြို့မရဲစခန်းနှင့် ဆောက်လုပ်ရေးရုံးကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် ဆောက်လုပ်ရေးရုံး၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေ ဆုံးခဲ့ကြောင်း နွားထိုးကြီးမြို့နယ် သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြော ကြားသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ မွန်းတည့် ၁၂ နာရီ ခန့်အချိန် နွားထိုးကြီးမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် ဆောက်လုပ် ရေးရုံး၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို မြင်းခြံခရိုင်တပ်ရင်း ၄ တပ်ဖွဲ့ဝင် များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲစခန်းတွင် ရဲ ၃ ဦး၊ ဆောက်လုပ်ရုံးရေးရုံးတွင် အကြမ်းဖက်စစ်ကောင်စီ တပ် သား ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ပထမ ဆောက်လုပ်ရေးရုံးကို ပစ်တယ်၊ နောက်တစ်ကြိမ် ရဲစခန်းကို ဝင်ပစ်တာ၊ အဖွဲ့ခွဲပစ်တာ မဟုတ်ဘူးပြောတယ်၊ ရဲစခန်းတံတိုင်းအခြေအထိဝင်ပစ်တာတောင် တစ်ယောက်မှ ပြန်မပစ်ဘူး၊ အတွင်းသတင်းကတော့ ရဲစခန်းက ရဲ ၃ ဦး၊ ဆောက်လုပ်ရေးရုံးက စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးတယ်လို့ သိရတယ်” ဟု နွားထိုးကြီးမြို့နယ် သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ပြော ကြားသည်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။


ရန်ကုန်၊ ဇန်နဝါရီ ၁




Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *