ပဒိုစောတောနီးကတော့ပြတ်သားတယ်

စစ်ကောင်စီက ကျူးလွန်ခဲ့သော အမှုကြီး၊ အမှုငယ်အားလုံးအတွက် မည်သူတစ်ဦးတစ်ယောက်ကိုမှ ကင်းလွတ်ခွင့်ပေးမည်မဟုတ်ဘဲ အာဏာရှင်စနစ် ပျက်သုန်းရေး KNU က ဦးဆောင်ချီတက်နေ

ရန်ကုန်၊ ဇန်နဝါရီ ၁

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သော အမှုကြီး၊ အမှုငယ်အားလုံးအတွက် မည်သူတစ်ဦးတစ်ယောက်ကိုမှ ကင်းလွတ်ခွင့်ပေးမည်မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောဆိုလိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးမှ ပြည်သူလူထုထံသို့ ပြောကြားသော နှစ်သစ်ကူးသတင်းစကားတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“စစ်တပ်ကနေ မတော်မတရား ကျူးလွန်ခဲ့တဲ့ အမှုကြီး အမှုငယ်အားလုံးကို တာဝန်ခံတဲ့အနေနဲ့ အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှုကို လက်ခံရပါမယ်။ မည်သူ တစ်ဦးတစ်ယောက်မျှ ဒီလိုကျုးလွန်ခဲ့တဲ့ဟာကို ကင်းလွတ်ခွင့် ပေးနိုင်တော့မှာ မဟုတ်ပါဘူး။ ဒီအချက်ဟာ အရေးကြီးပြီးတော့ လက်ခံသွားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီလိုကျူးလွန်ခဲ့တဲ့ လူတွေရဲ့ အသက်ရှင်ရပ်တည်ခွင့်နဲ့ မတော်မတရားရယူခဲ့တဲ့ ဥစ္စာပစ္စည်းတွေကို ပြည်သူအကျိုးအတွက် ဘယ်လိုစီမံခန့်ခွဲသွားမယ်ဆိုတာ ကျွန်တော်တို့ဆက်လက်လုပ်ဆောင်သွားရမယ့် အပိုင်းတွေရှိပါတယ်” ဟု ပဒိုစောတောနီးက ပြောဆိုသည်။

စစ်အာဏာရှင် စနစ်အောက်တွင် ၃ နှစ်လုံး ပြည်သူများအနေဖြင့် ဒုက္ခများကြုံတွေ့ရကြောင်း၊ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး အိုးအိမ်စည်းစိမ်ဥစ္စာများလည်း ဆုံးရှုံးခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။

“စစ်အာဏာရှင်တွေရဲ့မတရားတဲ့ အာဏာသိမ်းမှုဟာ ၂၀၂၁ ခုနှစ်က စတင်ပြီးတော့ ၂၀၂၃ ခုနှစ်အထိ သုံးနှစ်အတွင်းမှာ ကြုံခဲ့ ဆုံခဲ့ရတဲ့ ပြည်သူလူထုဒုက္ခတွေဟာ မရေမတွက်နိုင်ပါဘူး။ အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရသလို အိုးအိမ်စည်းစိမ်ဥစ္စာပေါင်းများစွာလည်း မရေမတွက်နိုင်အောင် ဆုံးရှုံးခဲ့ရတယ်။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုရဲ့ အရေအတွက်ဟာလည်း ၁ သန်းခွဲကနေ ၂ သန်းအထိ ရှိနေတယ်။ ဆိုတော့ ဒီလိုဒုက္ခမျိုးပေါင်းစုံ ကြုံတွေ့နေရခြင်းဟာ ကျွန်တော်တို့ ဆင်နွှဲနေတဲ့ ပြည်သူ့တော် လှန်ရေးကြီးကို ပြည်သူလူထုကနေ အားတက်သရော ထောက်ခံအားပေးနေတယ်ဆိုတာ အသေအချာတွေ့နေရပါတယ်။ သို့သော်လည်း ဒီခရီးဟာမဆုံးသေးပါဘူး။ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ဝင်ရောက်လာတဲ့အခါမှာ ဒီစစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ဒီစစ်အာဏာရှင်စနစ်ဟာ လုံးဝချုပ်ငြိမ်းသွားရေးအတွက်ဟာ ပြည်သူလူထုကနေပြီးတော့ ဆက်လက်ပြီးတော့ ချီတက်သွားဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီ ၂၀၂၄ ခုနှစ်အတွင်းမှာပဲ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ပြည်သူလူထုဟာ ကျွန်တော်တို့နဲ့ တစ်သားတည်းရပ်တည်ပြီးတော့ အင်နဲ့ အားနဲ့ ဆက်လက်ချီတက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်းနဲ့ပဲ ဒီ နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်” ဟု ပဒိုစောတောနီးက ပြောဆိုသည်။

ထို့ပြင် KNU ကရင့်အမျိုးသားအစည်းအရုံး၏ ထုတ်ပြန်ချက်တွင်လည်း စစ်အာဏာရှင် ပြုကျန်ရေးသာမဟုတ်ဘဲ စစ်အာဏာရှင်စနစ်တစ်ခုလုံး ပျက်သုန်းရေး ရှေးရှုလုပ်ဆောင်နေကြောင်း ၂၀၂၄ နှစ်သစ်ကူး သဝဏ်လွှာတွင် ဖော်ပြထားသည်။

“အာဏာရှင်ပြုတ်ကျရေးကိုသာမဟုတ်ဘဲ အာဏာရှင်စနစ်တစ်ခုလံး ပျက်သုဉ်းပျောက်ကွယ်သွားရေးကို မျှော်မှန်းတော်လှန်နေရာ ၎င်းအာဏာရှင်နှင့် လူမျိုးကြီးဝါဒစနစ်များကိုပါ အမြစ်ပါမကျန် တွန်းလှန်တိုက်ဖျက်နိုင်ရေး ရှေးရှုလုပ်ဆောင်လျက်ရှိပါသည်” ဟု KNU ၏ နှစ်သစ်ကူးသဝဏ်လွှာတွင် တိုက် တွန်းထားသည်။

စစ္ေကာင္စီက က်ဴးလြန္ခဲ့ေသာ အမႈႀကီး၊ အမႈငယ္အားလုံးအတြက္ မည္သူတစ္ဦးတစ္ေယာက္ကိုမွ ကင္းလြတ္ခြင့္ေပးမည္မဟုတ္ဘဲ အာဏာရွင္စနစ္ ပ်က္သုန္းေရး KNU က ဦးေဆာင္ခ်ီတက္ေန
ရန္ကုန္၊ ဇန္နဝါရီ ၁
အၾကမ္းဖက္စစ္ေကာင္စီတပ္က ျပည္သူလူထုအေပၚ က်ဴးလြန္ခဲ့ေသာ အမႈႀကီး၊ အမႈငယ္အားလုံးအတြက္ မည္သူတစ္ဦးတစ္ေယာက္ကိုမွ ကင္းလြတ္ခြင့္ေပးမည္မဟုတ္ေၾကာင္း ကရင္အမ်ိဳးသားအစည္းအ႐ုံး-KNU ဗဟိုအလုပ္အမႈေဆာင္ ပဒိုေစာေတာနီးက ေျပာဆိုလိုက္သည္။
ကရင္အမ်ိဳးသားအစည္းအ႐ုံး (ဗဟို) ေျပာေရးဆိုခြင့္ရွိသူ ပဒိုေစာေတာနီးမွ ျပည္သူလူထုထံသို႔ ေျပာၾကားေသာ ႏွစ္သစ္ကူးသတင္းစကားတြင္ ၎က အထက္ပါအတိုင္း ေျပာဆိုလိုက္ျခင္းျဖစ္သည္။
“စစ္တပ္ကေန မေတာ္မတရား က်ဴးလြန္ခဲ့တဲ့ အမႈႀကီး အမႈငယ္အားလုံးကို တာဝန္ခံတဲ့အေနနဲ႔ အသြင္ကူးေျပာင္းေရး ကာလ တရားမွ်တမႈကို လက္ခံရပါမယ္။ မည္သူ တစ္ဦးတစ္ေယာက္မွ် ဒီလိုက်ဳးလြန္ခဲ့တဲ့ဟာကို ကင္းလြတ္ခြင့္ ေပးႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ ဒီအခ်က္ဟာ အေရးႀကီးၿပီးေတာ့ လက္ခံသြားရမွာ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ ဒီလိုက်ဴးလြန္ခဲ့တဲ့ လူေတြရဲ႕ အသက္ရွင္ရပ္တည္ခြင့္နဲ႔ မေတာ္မတရားရယူခဲ့တဲ့ ဥစၥာပစၥည္းေတြကို ျပည္သူအက်ိဳးအတြက္ ဘယ္လိုစီမံခန႔္ခြဲသြားမယ္ဆိုတာ ကြၽန္ေတာ္တို႔ဆက္လက္လုပ္ေဆာင္သြားရမယ့္ အပိုင္းေတြရွိပါတယ္” ဟု ပဒိုေစာေတာနီးက ေျပာဆိုသည္။
စစ္အာဏာရွင္ စနစ္ေအာက္တြင္ ၃ ႏွစ္လုံး ျပည္သူမ်ားအေနျဖင့္ ဒုကၡမ်ားႀကဳံေတြ႕ရေၾကာင္း၊ အသက္ေပါင္းမ်ားစြာ ဆုံးရႈံးခဲ့ရၿပီး အိုးအိမ္စည္းစိမ္ဥစၥာမ်ားလည္း ဆုံးရႈံးခဲ့ရေၾကာင္း ၎က ေျပာဆိုသည္။
“စစ္အာဏာရွင္ေတြရဲ႕မတရားတဲ့ အာဏာသိမ္းမႈဟာ ၂၀၂၁ ခုႏွစ္က စတင္ၿပီးေတာ့ ၂၀၂၃ ခုႏွစ္အထိ သုံးႏွစ္အတြင္းမွာ ႀကဳံခဲ့ ဆုံခဲ့ရတဲ့ ျပည္သူလူထုဒုကၡေတြဟာ မေရမတြက္ႏိုင္ပါဘူး။ အသက္ေပါင္းမ်ားစြာဆုံးရႈံးခဲ့ရသလို အိုးအိမ္စည္းစိမ္ဥစၥာေပါင္းမ်ားစြာလည္း မေရမတြက္ႏိုင္ေအာင္ ဆုံးရႈံးခဲ့ရတယ္။ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ျပည္သူလူထုရဲ႕ အေရအတြက္ဟာလည္း ၁ သန္းခြဲကေန ၂ သန္းအထိ ရွိေနတယ္။ ဆိုေတာ့ ဒီလိုဒုကၡမ်ိဳးေပါင္းစုံ ႀကဳံေတြ႕ေနရျခင္းဟာ ကြၽန္ေတာ္တို႔ ဆင္ႏႊဲေနတဲ့ ျပည္သူ႔ေတာ္ လွန္ေရးႀကီးကို ျပည္သူလူထုကေန အားတက္သေရာ ေထာက္ခံအားေပးေနတယ္ဆိုတာ အေသအခ်ာေတြ႕ေနရပါတယ္။ သို႔ေသာ္လည္း ဒီခရီးဟာမဆုံးေသးပါဘူး။ ၂၀၂၃ ခုႏွစ္ကေန ၂၀၂၄ ခုႏွစ္ ဝင္ေရာက္လာတဲ့အခါမွာ ဒီစစ္အာဏာရွင္စနစ္ျပဳတ္က်ေရးအတြက္ ဒီစစ္အာဏာရွင္စနစ္ဟာ လုံးဝခ်ဳပ္ၿငိမ္းသြားေရးအတြက္ဟာ ျပည္သူလူထုကေနၿပီးေတာ့ ဆက္လက္ၿပီးေတာ့ ခ်ီတက္သြားဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ဒီ ၂၀၂၄ ခုႏွစ္အတြင္းမွာပဲ စစ္အာဏာရွင္စနစ္ခ်ဳပ္ၿငိမ္းေရးအတြက္ ျပည္သူလူထုဟာ ကြၽန္ေတာ္တို႔နဲ႔ တစ္သားတည္းရပ္တည္ၿပီးေတာ့ အင္နဲ႔ အားနဲ႔ ဆက္လက္ခ်ီတက္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းရင္းနဲ႔ပဲ ဒီ ႏွစ္သစ္ကို ႀကိဳဆိုလိုက္ပါတယ္” ဟု ပဒိုေစာေတာနီးက ေျပာဆိုသည္။
ထို႔ျပင္ KNU ကရင့္အမ်ိဳးသားအစည္းအ႐ုံး၏ ထုတ္ျပန္ခ်က္တြင္လည္း စစ္အာဏာရွင္ ျပဳက်န္ေရးသာမဟုတ္ဘဲ စစ္အာဏာရွင္စနစ္တစ္ခုလုံး ပ်က္သုန္းေရး ေရွးရႈလုပ္ေဆာင္ေနေၾကာင္း ၂၀၂၄ ႏွစ္သစ္ကူး သဝဏ္လႊာတြင္ ေဖာ္ျပထားသည္။
“အာဏာရွင္ျပဳတ္က်ေရးကိုသာမဟုတ္ဘဲ အာဏာရွင္စနစ္တစ္ခုလံး ပ်က္သုဥ္းေပ်ာက္ကြယ္သြားေရးကို ေမွ်ာ္မွန္းေတာ္လွန္ေနရာ ၎အာဏာရွင္ႏွင့္ လူမ်ိဳးႀကီးဝါဒစနစ္မ်ားကိုပါ အျမစ္ပါမက်န္ တြန္းလွန္တိုက္ဖ်က္ႏိုင္ေရး ေရွးရႈလုပ္ေဆာင္လ်က္ရွိပါသည္” ဟု KNU ၏ ႏွစ္သစ္ကူးသဝဏ္လႊာတြင္ တိုက္ တြန္းထားသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *