ပျူရွာကို စခများပြာချ ဇာတ်တူသားစားကုန်ပြီ

မြင်းခြံမြို့နယ်အတွင်းရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော ကျေးရွာ ၃ ရွာကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၇ ဦးသေဆုံး

​ဇန်နဝါရီလ ၂ ရက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ကျေးရွာ ၃ ရွာကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၇ ဦးသေဆုံးခဲ့ကြောင်း သွေးသောက်တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ​ပြောဆိုသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် မြင်းခြံမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ် အထိုင်ချထားသော ပျူစောထီး အများစု နေထိုင်သည့် ညောင်တိုရွာရှိ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီး ပူးပေါင်း အထိုင်စခန်းကို သွေးသောက် တော်လှန်ရေးအင်အားစု နှင့် မဟာမိတ်တပ်ရင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ညောင်တိုပျူစောထီးကျေးရွာကို ဒေသတွင်းPDFအဖွဲ့များက သွားရောက်တိုက်ခိုက်ရာ ပျူစောထီးအဖွဲ့ဝင်များ ထိခိုက် သေဆုံးမှုများပြီး အရှင်ဖမ်းဆီးရမိသူများလည်းရှိကြောင်း မြင်းခြံမြို့နယ် ပြ​ည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

၂၀၂၃ ဒီဇင်ဘာ ၃၀ ရက် နံနက် ၅ နာရီခန့်က မြင်းခြံမြို့နယ်ရှိ စစ်ကောင်စီတပ်လက်အောက်ခံ ညောင်တိုပျူစောထီးကျေးရွာကို မန္တလေးနှင့်စစ်ကိုင်းတိုင်းအခြေစိုက် PDF အဖွဲ့ပေါင်း ၂၀ ကျော်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မြင်းခြံ(ပကဖ)အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“စတင်ဝင်ရောက်တိုက်ခိုက်ချိန်မှာပဲ ထွက်ပြေးသွားတာ။တိုက်ပွဲအတွင်းမှာ ပျူရှစ်ကောင်လောက်ကျတယ်။ အရှင်ဖမ်း ယာယီထိန်းသိမ်းထားတာက ၆ ယောက်လောက်ရှိမယ်။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

အဆိုပါ ပျူစောထီးရွာမှ ပြည်သူ ၆၀ ကျော်ကိုမူ ကျွေးမွေးစောင့်ရှောက်ပေးထားကြောင်း ၎င်းတာဝန်ရှိသူက ပြောသည်။

ညောင်တိုရွာ၌ ပျူစောထီး၄၀ ခန့်ရှိ ပျူစောထီးခေါင်းဆောင်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်နေအိမ်ကို မီးရှိူ့ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ထို့အပြင် ညပိုင်းတွင် စစ်ကောင်စီတပ်ရောက်ရှိလာပြီး ပစ်ခတ်ခဲ့၍ ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

သေဆုံးသူ​၏ ရုပ်အလောင်းအား စစ်တပ်က နေအိမ်တစ်အိမ်အတွင်းထည့်၍ မီးရှို့စဥ် အခြားနေအိမ်များပါမီးကူးပြီး အိမ်ခြေ ၃၅၀မှ ၄၀၀ ကြားရှိသော ညောင်တိုရွာမှာ ရွာလုံးကျွတ်ပြာကျခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“ညောင်တိုရွာမှာ အခု ဘုန်းကြီးကျောင်း တောင် ကျောင်းမြောက်ကျောင်းပဲ ကျန်ခဲ့တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

“လက်နက်တွေရတာတော့မရှိဘူး။ ညောင်တိုကဧရာဝတီမြစ်ကမ်းဘေးက ရွာပါ။”ဟု မြင်းခြံခရိုင်တပ်ရင်း(၃)၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင် တပ်ရင်း (၃)၊ မြင်းခြံခရိုင်တပ်ရင်း (၁) ၊ မြင်းခြံမြို့နယ် ပကဖ၊ ငါန်းဇွန်မြို့နယ် ပကဖ၊ မြင်းခြံခရိုင် တပ်ရင်း (၂) Taloke PDF MGN 35 ၊ 8 Star ၊ BGF ၊ LACR ၊ FFGF ၊ အညာဖက်ဒရယ်၊ MP 9 ၊ မန္တလေးရိုင် တပ်ရင်း (၃) ၊ တပ်ရင်း (၅) ၊ တပ်ရင်း (၆) ၊တပ်ရင်း၈၊ ညောင်ဦးခရိုင် တပ်ရင်း (၁) ၊ ကျေးရွာတပ်ပေါင်းစု (မြောင်) ၊ MS 9 Brothers ၊ သွေးသောက်၊ Wolf Brothers ၊ မြောင်ပလဖ ၊ စစ်ကိုင်းခရိုင် တပ်ရင်း (၆) ၊ CDSOM 001 ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နိုဝင်ဘာ ၁၆ ရက်ကလည်း မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာနယ်မြေရဲစခန်းကို ဒေသတွင်း PDFများ ဝင်ရောက်တိုက်ခိုက်ပြီး စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

ျမင္းၿခံနယ္ ေညာင္တိုပ်ဴေစာထီး႐ြာကို PDF အဖြဲ႕ ၂၀ေက်ာ္ တိုက္ခိုက္၊ ထိခိုက္ေသဆုံးမႈမ်ားဟုဆို
​ဇန္နဝါရီလ ၂ ရက္
မႏၲေလးတိုင္း၊ ျမင္းၿခံၿမိဳ႕နယ္၊ ေညာင္တိုပ်ဴေစာထီးေက်း႐ြာကို ေဒသတြင္းPDFအဖြဲ႕မ်ားက သြားေရာက္တိုက္ခိုက္ရာ ပ်ဴေစာထီးအဖြဲ႕ဝင္မ်ား ထိခိုက္ ေသဆုံးမႈမ်ားၿပီး အရွင္ဖမ္းဆီးရမိသူမ်ားလည္းရွိေၾကာင္း ျမင္းၿခံၿမိဳ႕နယ္ ျပ​ည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕၏ တာဝန္ရွိသူက ေျပာသည္။
၂၀၂၃ ဒီဇင္ဘာ ၃၀ ရက္ နံနက္ ၅ နာရီခန္႔က ျမင္းၿခံၿမိဳ႕နယ္ရွိ စစ္ေကာင္စီတပ္လက္ေအာက္ခံ ေညာင္တိုပ်ဴေစာထီးေက်း႐ြာကို မႏၲေလးႏွင့္စစ္ကိုင္းတိုင္းအေျခစိုက္ PDF အဖြဲ႕ေပါင္း ၂၀ ေက်ာ္က ဝင္ေရာက္တိုက္ခိုက္ခဲ့ရာ ႏွစ္ဖက္အျပန္အလွန္ ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း ျမင္းၿခံ(ပကဖ)အဖြဲ႕၏ တာဝန္ရွိသူက ေျပာသည္။
“စတင္ဝင္ေရာက္တိုက္ခိုက္ခ်ိန္မွာပဲ ထြက္ေျပးသြားတာ။တိုက္ပြဲအတြင္းမွာ ပ်ဴရွစ္ေကာင္ေလာက္က်တယ္။ အရွင္ဖမ္း ယာယီထိန္းသိမ္းထားတာက ၆ ေယာက္ေလာက္ရွိမယ္။”ဟု အထက္ပါတာဝန္ရွိသူက ေျပာသည္။
အဆိုပါ ပ်ဴေစာထီး႐ြာမွ ျပည္သူ ၆၀ ေက်ာ္ကိုမူ ေကြၽးေမြးေစာင့္ေရွာက္ေပးထားေၾကာင္း ၎တာဝန္ရွိသူက ေျပာသည္။
ေညာင္တို႐ြာ၌ ပ်ဴေစာထီး၄၀ ခန္႔ရွိ ပ်ဴေစာထီးေခါင္းေဆာင္အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းလြင္ေနအိမ္ကို မီးရွိူ႔ခဲ့ေၾကာင္း ေဒသတြင္းေတာ္လွန္ေရးအင္အားစုမ်ားက ေျပာသည္။
ထို႔အျပင္ ညပိုင္းတြင္ စစ္ေကာင္စီတပ္ေရာက္ရွိလာၿပီး ပစ္ခတ္ခဲ့၍ ျပည္သူတစ္ဦး ေသဆုံးခဲ့ေၾကာင္း ေဒသတြင္းသတင္းရင္းျမစ္က ေျပာသည္။
ေသဆုံးသူ​၏ ႐ုပ္အေလာင္းအား စစ္တပ္က ေနအိမ္တစ္အိမ္အတြင္းထည့္၍ မီးရႈိ႕စဥ္ အျခားေနအိမ္မ်ားပါမီးကူးၿပီး အိမ္ေျခ ၃၅၀မွ ၄၀၀ ၾကားရွိေသာ ေညာင္တို႐ြာမွာ ႐ြာလုံးကြၽတ္ျပာက်ခဲ့ေၾကာင္း ေဒသတြင္းသတင္းရင္းျမစ္မ်ားက ေျပာသည္။
“ေညာင္တို႐ြာမွာ အခု ဘုန္းႀကီးေက်ာင္း ေတာင္ ေက်ာင္းေျမာက္ေက်ာင္းပဲ က်န္ခဲ့တယ္။”ဟု ေဒသခံတစ္ဦးက ေျပာသည္။
“လက္နက္ေတြရတာေတာ့မရွိဘူး။ ေညာင္တိုကဧရာဝတီျမစ္ကမ္းေဘးက ႐ြာပါ။”ဟု ျမင္းၿခံခ႐ိုင္တပ္ရင္း(၃)၏ တာဝန္ရွိသူက ေျပာသည္။
အဆိုပါ စစ္ဆင္ေရးကို ျမင္းၿခံခ႐ိုင္ တပ္ရင္း (၃)၊ ျမင္းၿခံခ႐ိုင္တပ္ရင္း (၁) ၊ ျမင္းၿခံၿမိဳ႕နယ္ ပကဖ၊ ငါန္းဇြန္ၿမိဳ႕နယ္ ပကဖ၊ ျမင္းၿခံခ႐ိုင္ တပ္ရင္း (၂) Taloke PDF MGN 35 ၊ 8 Star ၊ BGF ၊ LACR ၊ FFGF ၊ အညာဖက္ဒရယ္၊ MP 9 ၊ မႏၲေလး႐ိုင္ တပ္ရင္း (၃) ၊ တပ္ရင္း (၅) ၊ တပ္ရင္း (၆) ၊တပ္ရင္း၈၊ ေညာင္ဦးခ႐ိုင္ တပ္ရင္း (၁) ၊ ေက်း႐ြာတပ္ေပါင္းစု (ေျမာင္) ၊ MS 9 Brothers ၊ ေသြးေသာက္၊ Wolf Brothers ၊ ေျမာင္ပလဖ ၊ စစ္ကိုင္းခ႐ိုင္ တပ္ရင္း (၆) ၊ CDSOM 001 ဒ႐ုန္းတပ္ဖြဲ႕တို႔ ပူးေပါင္းတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ႏိုဝင္ဘာ ၁၆ ရက္ကလည္း ျမင္းၿခံၿမိဳ႕နယ္၊ ကိုင္းေက်း႐ြာနယ္ေျမရဲစခန္းကို ေဒသတြင္း PDFမ်ား ဝင္ေရာက္တိုက္ခိုက္ၿပီး စခန္းအား မီးရႈိ႕ဖ်က္ဆီးႏိုင္ခဲ့သည္။
(ေညာင္တို႐ြာ မီးေလာင္ကြၽမ္းၿပီးေနာက္ ေတြ႕ရစဥ္။ ဓာတ္ပုံ- CJ)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *