ပြေးကြပြန်ဘီဟေ့ မဆုတ်တမ်းဆိုပြီး

ထန်းတပင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခု စခန်းစွန့်ပြေး၊ KNLAက လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ဇန်နဝါရီလ ၃ ရက်

ပဲခူးတိုင်း ထန်းတပင်မြို့နယ်၊ ဖလေးဆာလိုကျေးရွာ ဘိုးဘွားပိုင် သင်္ချိုင်းမြေအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ် ခမရ(၅၈၁)တပ်စခန်းနှင့် ကလောမီဒဲကျေးရွာအနီး တပ်စွဲထားသော ခမရ (၅၈၁)တပ်စခန်းမှ စစ်ကောင်စီတပ်များ စခန်းစွန့်သွားကြောင်း KNUဗဟိုထံမှ သိရသည်။

‌ဖလေးဆာလိုရွာမှ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် စခန်းစွန့်သွားပြီး ကလောမီဒဲကျေးရွာပိုင်မြေအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၂)ရက်နေ့တို့တွင် စခန်းစွန့်သွားသဖြင့် KNLA တပ်ရင်း(၆)မှ ရှင်းလင်းရေးလုပ်ဆောင်ခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

အဆိုပါ ဖလေးဆာလိုတပ်စခန်းကို KNLAမှ ရိက္ခာလမ်းကြောင်းများ ဖြတ်တောက်ထားသည်မှာ (၆)လခန့်ကြာပြီဖြစ်ပြီး ကလောမီဒဲတပ်စခန်းမှာ (၃)လခန့် ကြာပြီဖြစ်သည်။

စခန်းများအား KNLAမှ တက်ရောက်ရှင်းလင်းစဉ်အတွင်း ဖလေးဆာလိုတပ်စခန်းအတွင်းမှ ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ တပ်စခန်းများသည် ၁၉၇၅ ခုနှစ်တွင် ပထမအကြိမ် စတင်တပ်စွဲခဲ့ပြီး ၁၉၇၉ခုနှစ်တွင် ဆုတ်ခွာသွားခဲ့ကာ ဒုတိယအကြိမ်အနေဖြင့် ၂၀၀၆ ခုနှစ်တွင် စစ်ကောင်စီတပ် တပ်မ (၆၆)မှ ဦးဆောင်ပြီး တောဦးခရိုင်အတွင်းနေထိုင်သော ကရင်လူမျိုးများအား မြေလှန်စနစ်ဖြင့် လူမျိုးတုန်းရှင်းလင်းရေး စစ်ဆင်ရေးအတွင်း ဝင်ရောက်တပ်စွဲထားသော စခန်းများဖြစ်ကြောင်း သိရသည်။

Photo: 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *