Breaking News- နှစ်သစ်မှာ ငှက်တစ်ကောင်ကင်လိုက်ပြန်ပြီဟေ့ ပျော်လိုက်တော့

Breaking News- စစ်ကောင်စီ၏ စစ်ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်သည့် ရှေ့တန်းသတင်းရင်းမြစ်၏ ပေးပို့ချက်ရရှိထားဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူပြောဆို၊ စစ်ရဟတ်ယာဉ် ပျက်ကျပြီး မီးလောင်နေ

ရန်ကုန်၊ ဇန်နဝါရီ ၃

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ နာဖော့စစ်တပ်စခန်းသို့ ရိက္ခာလာပို့သည့် စစ်တပ်ထောက်ပို့ ရဟတ်ယာဉ်တစ်စီးကို KIA က ပစ်ချလိုက်သည့် ရှေ့တန်းသတင်းရင်းမြစ်၏ သတင်းပေးပို့ချက် ရရှိထားကြောင်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၅၉ မိနစ်အချိန်တွင် အဆိုပါ ရဟတ်ယာဉ်ကို ပစ်ချလိုက်ခြင်းဖြစ်ပြီး အသေးစိတ်အချက် အလက်များကို မသိရှိရသေးဟု ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။

“မြစ်ကြီးနားက တက်လာတဲ့ စစ်ရဟတ်ယာဉ်ကို ပစ်ချလိုက်တဲ့ သတင်း၊ ရှေ့တန်းသတင်းရင်းမြစ်က ပို့တာ ရရှိပါတယ်။ နေရာ၊ ဘယ်နားပျက်ကျတယ်ဆိုတဲ့ အသေးစိတ် အချက်အလက်နဲ့ အတည်ပြုမှုတွေ ထပ်လိုဦးမယ်။ ပစ်ချလိုက်နိုင်တာတော့ ဟုတ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

“၀ိုင်းမော်မြို့နယ် ကန်တောယာန်ကျေးရွားဒေသမှာ နာဖော့ စစ်ခွေးစခန်းကိုရိက္ခာလာပို့တဲ့ ရဟတ်ယာဉ် ၂ စီးမှာ ၁ စီးကထိမှန်သွားပြီး မီးလောင်ပျက်ကျ သွားပါတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *