ခေါင်လန်ဖူးမှာလည်း အိတ်ထဲကောက်ထည့်လိုက်ပြန်ပြီ

ခေါင်လန်ဖူးမြို့နယ်ရှိ စစ်ကောင်စီစခန်းအား လေကြောင်းတိုက်ခိုက်မှုကြားမှ ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

ဇန်နဝါရီ ၇ ရက်

ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ရှိ စစ်ကောင်စီ၏ခရန်ထီဒမ်းစခန်းအား လေကြောင်းတိုက်ခိုက်မှုကြားမှ နေ၍ ကချင်လွတ်လပ်​ရေးတပ်မ​တော်- KIA နှင့် ကချင်​ဒေသ-ပြည်သူ့ကွယ်​ရေးတပ် KPDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်‌​​ကြောင်း သတင်းရရှိသည်။

ခေါင်လန်ဖူးမြို့နယ်၊ ခရန်ထီဒမ်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား ဇန်နဝါရီလ ၂ ရက်နေ့တွင် KIAနှင့် KPDF ပူးပေါင်းတပ်ဖွဲ့တို့ကစတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ပူးပေါင်းတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။

” မနေ့က မနက် ၉နာရီမှာ သိမ်းနိုင်တာပါ။ လေကြောင်းကနေလာပစ်လို့ သုံး၊လေးရက် ကြာသွားတာ” ဟု အဆိုပါ သတင်းရင်းမြစ်ကပြောသည်။

ဇန်နဝါရီလ ၂ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၆ ရက်တွင် စခန်းသိမ်းယူနိုင်ခြင်းဖြစ်သည်။ တိုက်ပွဲပထမနေ့တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၍ ပူးပေါင်းတပ်ဖွဲ့မှ ရှစ်ဦး ဒဏ်ရာရခဲ့သည်။

“ရှစ်ဦးမှာ လေးဦးက ဒဏ်ရာပြင်းတယ်။ အခုတော့ ဆေးကုလို့ရတဲ့နေရာရောက်ပါပြီ” ဟု ခေါင်လန်ဖူးPDFနှင့်နီးစပ်သူကပြောသည်။

ခရန်ထီဒမ်းစခန်းသည် ခေါင်လန်ဖူးဒေသ၏ နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အ​ရေးပါသည့်စခန်းဖြစ်ပြီး ယခုကဲ့သို့ စခန်းသိမ်းနိုင်ခြင်းက ပူးပေါင်းတပ်ဖွဲ့များအတွက် နယ်မြေစိုးမိုးရေးရလဒ်ကောင်းရ‌စေသည်ဟု ၎င်းကဆက်​ပြော

သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်ကလည်း မချမ်းဘော့မြို့နယ် အင်ခါဂါးစခန်းကိုKIA နှင့်KPDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ခထိုစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားပြီး ခရန်ထီဒမ်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွင် လာရောက်ပူးပေါင်းနေခြင်းဟု သိရသည်။

ယခု တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ​သေဆုံးထိခိုက်မှုအ​ခြေအ​​နေကို မသိရသေးပေ။ စသ်တပ်မှ ​သေဆုးသူများရှိပြီး ထိုစခန်းမှလက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

(​ခေါင်လန်ဖူး မြို့နယ်နှင့်ကချင်ပြည်နယ်အထက်ပိုင်းကို Google Earth တွင်​တွေ့ရမှု / KIA နှင့် KPDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KIA၊KPDF)

ေခါင္လန္ဖူးၿမိဳ႕နယ္ရွိ စစ္ေကာင္စီစခန္းအား ေလေၾကာင္းတိုက္ခိုက္မႈၾကားမွ ပူးေပါင္းတပ္ဖြဲ႕ တိုက္ခိုက္သိမ္းပိုက္
ဇန္နဝါရီ ၇ ရက္
ပူတာအိုခ႐ိုင္၊ ေခါင္လန္ဖူးၿမိဳ႕နယ္ရွိ စစ္ေကာင္စီ၏ခရန္ထီဒမ္းစခန္းအား ေလေၾကာင္းတိုက္ခိုက္မႈၾကားမွ ေန၍ ကခ်င္လြတ္လပ္​ေရးတပ္မ​ေတာ္- KIA ႏွင့္ ကခ်င္​ေဒသ-ျပည္သူ႔ကြယ္​ေရးတပ္ KPDF ပူးေပါင္းတပ္ဖြဲ႕မ်ားက တိုက္ခိုက္သိမ္းပိုက္လိုက္‌​​ေၾကာင္း သတင္းရရွိသည္။
ေခါင္လန္ဖူးၿမိဳ႕နယ္၊ ခရန္ထီဒမ္းေက်း႐ြာရွိ စစ္ေကာင္စီတပ္စခန္းအား ဇန္နဝါရီလ ၂ ရက္ေန႔တြင္ KIAႏွင့္ KPDF ပူးေပါင္းတပ္ဖြဲ႕တို႔ကစတင္ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ျခင္းျဖစ္​ေၾကာင္း ပူးေပါင္းတပ္ဖြဲ႕ႏွင့္နီးစပ္သည့္ သတင္းရင္းျမစ္ကေျပာသည္။
” မေန႔က မနက္ ၉နာရီမွာ သိမ္းႏိုင္တာပါ။ ေလေၾကာင္းကေနလာပစ္လို႔ သုံး၊ေလးရက္ ၾကာသြားတာ” ဟု အဆိုပါ သတင္းရင္းျမစ္ကေျပာသည္။
ဇန္နဝါရီလ ၂ ရက္ေန႔တြင္ စတင္တိုက္ခိုက္ခဲ့ၿပီး ဇန္နဝါရီလ ၆ ရက္တြင္ စခန္းသိမ္းယူႏိုင္ျခင္းျဖစ္သည္။ တိုက္ပြဲပထမေန႔တြင္ စစ္ေကာင္စီက ဂ်က္ဖိုက္တာျဖင့္ ဗုံးႀကဲတိုက္ခိုက္၍ ပူးေပါင္းတပ္ဖြဲ႕မွ ရွစ္ဦး ဒဏ္ရာရခဲ့သည္။
“ရွစ္ဦးမွာ ေလးဦးက ဒဏ္ရာျပင္းတယ္။ အခုေတာ့ ေဆးကုလို႔ရတဲ့ေနရာေရာက္ပါၿပီ” ဟု ေခါင္လန္ဖူးPDFႏွင့္နီးစပ္သူကေျပာသည္။
ခရန္ထီဒမ္းစခန္းသည္ ေခါင္လန္ဖူးေဒသ၏ နယ္ေျမအမ်ားစုကို ထိန္းခ်ဳပ္ထားသည့္ အ​ေရးပါသည့္စခန္းျဖစ္ၿပီး ယခုကဲ့သို႔ စခန္းသိမ္းႏိုင္ျခင္းက ပူးေပါင္းတပ္ဖြဲ႕မ်ားအတြက္ နယ္ေျမစိုးမိုးေရးရလဒ္ေကာင္းရ‌ေစသည္ဟု ၎ကဆက္​ေျပာ
သည္။
ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၁၉ ရက္ကလည္း မခ်မ္းေဘာ့ၿမိဳ႕နယ္ အင္ခါဂါးစခန္းကိုKIA ႏွင့္KPDF ပူးေပါင္းတပ္ဖြဲ႕က တိုက္ခိုက္ခဲ့ရာ ခထိုစခန္းမွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ထြက္ေျပးသြားၿပီး ခရန္ထီဒမ္းေက်း႐ြာရွိ စစ္ေကာင္စီတပ္စခန္းတြင္ လာေရာက္ပူးေပါင္းေနျခင္းဟု သိရသည္။
ယခု တိုက္ပြဲအတြင္း စစ္ေကာင္စီဘက္မွ ​ေသဆုံးထိခိုက္မႈအ​ေျခအ​​ေနကို မသိရေသးေပ။ စသ္တပ္မွ ​ေသဆုးသူမ်ားရွိၿပီး ထိုစခန္းမွလက္က်န္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားအားလုံး စခန္းစြန႔္ခြာထြက္ေျပးသြားေၾကာင္း သိရသည္။
(​ေခါင္လန္ဖူး ၿမိဳ႕နယ္ႏွင့္ကခ်င္ျပည္နယ္အထက္ပိုင္းကို Google Earth တြင္​ေတြ႕ရမႈ / KIA ႏွင့္ KPDF တပ္ဖြဲ႕ဝင္မ်ား ။ဓါတ္ပုံ-KIA၊KPDF)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *