ခေါင်လန်ဖူးမြို့နယ်ရှိ စစ်ကောင်စီစခန်းအား လေကြောင်းတိုက်ခိုက်မှုကြားမှ ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်
ဇန်နဝါရီ ၇ ရက်
ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ရှိ စစ်ကောင်စီ၏ခရန်ထီဒမ်းစခန်းအား လေကြောင်းတိုက်ခိုက်မှုကြားမှ နေ၍ ကချင်လွတ်လပ်ရေးတပ်မတော်- KIA နှင့် ကချင်ဒေသ-ပြည်သူ့ကွယ်ရေးတပ် KPDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သတင်းရရှိသည်။
ခေါင်လန်ဖူးမြို့နယ်၊ ခရန်ထီဒမ်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား ဇန်နဝါရီလ ၂ ရက်နေ့တွင် KIAနှင့် KPDF ပူးပေါင်းတပ်ဖွဲ့တို့ကစတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။
” မနေ့က မနက် ၉နာရီမှာ သိမ်းနိုင်တာပါ။ လေကြောင်းကနေလာပစ်လို့ သုံး၊လေးရက် ကြာသွားတာ” ဟု အဆိုပါ သတင်းရင်းမြစ်ကပြောသည်။
ဇန်နဝါရီလ ၂ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၆ ရက်တွင် စခန်းသိမ်းယူနိုင်ခြင်းဖြစ်သည်။ တိုက်ပွဲပထမနေ့တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၍ ပူးပေါင်းတပ်ဖွဲ့မှ ရှစ်ဦး ဒဏ်ရာရခဲ့သည်။
“ရှစ်ဦးမှာ လေးဦးက ဒဏ်ရာပြင်းတယ်။ အခုတော့ ဆေးကုလို့ရတဲ့နေရာရောက်ပါပြီ” ဟု ခေါင်လန်ဖူးPDFနှင့်နီးစပ်သူကပြောသည်။
ခရန်ထီဒမ်းစခန်းသည် ခေါင်လန်ဖူးဒေသ၏ နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အရေးပါသည့်စခန်းဖြစ်ပြီး ယခုကဲ့သို့ စခန်းသိမ်းနိုင်ခြင်းက ပူးပေါင်းတပ်ဖွဲ့များအတွက် နယ်မြေစိုးမိုးရေးရလဒ်ကောင်းရစေသည်ဟု ၎င်းကဆက်ပြော
သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်ကလည်း မချမ်းဘော့မြို့နယ် အင်ခါဂါးစခန်းကိုKIA နှင့်KPDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ခထိုစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားပြီး ခရန်ထီဒမ်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွင် လာရောက်ပူးပေါင်းနေခြင်းဟု သိရသည်။
ယခု တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုအခြေအနေကို မသိရသေးပေ။ စသ်တပ်မှ သေဆုးသူများရှိပြီး ထိုစခန်းမှလက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။
(ခေါင်လန်ဖူး မြို့နယ်နှင့်ကချင်ပြည်နယ်အထက်ပိုင်းကို Google Earth တွင်တွေ့ရမှု / KIA နှင့် KPDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KIA၊KPDF)
ေခါင္လန္ဖူးၿမိဳ႕နယ္ရွိ စစ္ေကာင္စီစခန္းအား ေလေၾကာင္းတိုက္ခိုက္မႈၾကားမွ ပူးေပါင္းတပ္ဖြဲ႕ တိုက္ခိုက္သိမ္းပိုက္
ဇန္နဝါရီ ၇ ရက္
ပူတာအိုခ႐ိုင္၊ ေခါင္လန္ဖူးၿမိဳ႕နယ္ရွိ စစ္ေကာင္စီ၏ခရန္ထီဒမ္းစခန္းအား ေလေၾကာင္းတိုက္ခိုက္မႈၾကားမွ ေန၍ ကခ်င္လြတ္လပ္ေရးတပ္မေတာ္- KIA ႏွင့္ ကခ်င္ေဒသ-ျပည္သူ႔ကြယ္ေရးတပ္ KPDF ပူးေပါင္းတပ္ဖြဲ႕မ်ားက တိုက္ခိုက္သိမ္းပိုက္လိုက္ေၾကာင္း သတင္းရရွိသည္။
ေခါင္လန္ဖူးၿမိဳ႕နယ္၊ ခရန္ထီဒမ္းေက်း႐ြာရွိ စစ္ေကာင္စီတပ္စခန္းအား ဇန္နဝါရီလ ၂ ရက္ေန႔တြင္ KIAႏွင့္ KPDF ပူးေပါင္းတပ္ဖြဲ႕တို႔ကစတင္ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ပူးေပါင္းတပ္ဖြဲ႕ႏွင့္နီးစပ္သည့္ သတင္းရင္းျမစ္ကေျပာသည္။
” မေန႔က မနက္ ၉နာရီမွာ သိမ္းႏိုင္တာပါ။ ေလေၾကာင္းကေနလာပစ္လို႔ သုံး၊ေလးရက္ ၾကာသြားတာ” ဟု အဆိုပါ သတင္းရင္းျမစ္ကေျပာသည္။
ဇန္နဝါရီလ ၂ ရက္ေန႔တြင္ စတင္တိုက္ခိုက္ခဲ့ၿပီး ဇန္နဝါရီလ ၆ ရက္တြင္ စခန္းသိမ္းယူႏိုင္ျခင္းျဖစ္သည္။ တိုက္ပြဲပထမေန႔တြင္ စစ္ေကာင္စီက ဂ်က္ဖိုက္တာျဖင့္ ဗုံးႀကဲတိုက္ခိုက္၍ ပူးေပါင္းတပ္ဖြဲ႕မွ ရွစ္ဦး ဒဏ္ရာရခဲ့သည္။
“ရွစ္ဦးမွာ ေလးဦးက ဒဏ္ရာျပင္းတယ္။ အခုေတာ့ ေဆးကုလို႔ရတဲ့ေနရာေရာက္ပါၿပီ” ဟု ေခါင္လန္ဖူးPDFႏွင့္နီးစပ္သူကေျပာသည္။
ခရန္ထီဒမ္းစခန္းသည္ ေခါင္လန္ဖူးေဒသ၏ နယ္ေျမအမ်ားစုကို ထိန္းခ်ဳပ္ထားသည့္ အေရးပါသည့္စခန္းျဖစ္ၿပီး ယခုကဲ့သို႔ စခန္းသိမ္းႏိုင္ျခင္းက ပူးေပါင္းတပ္ဖြဲ႕မ်ားအတြက္ နယ္ေျမစိုးမိုးေရးရလဒ္ေကာင္းရေစသည္ဟု ၎ကဆက္ေျပာ
သည္။
ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၁၉ ရက္ကလည္း မခ်မ္းေဘာ့ၿမိဳ႕နယ္ အင္ခါဂါးစခန္းကိုKIA ႏွင့္KPDF ပူးေပါင္းတပ္ဖြဲ႕က တိုက္ခိုက္ခဲ့ရာ ခထိုစခန္းမွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ထြက္ေျပးသြားၿပီး ခရန္ထီဒမ္းေက်း႐ြာရွိ စစ္ေကာင္စီတပ္စခန္းတြင္ လာေရာက္ပူးေပါင္းေနျခင္းဟု သိရသည္။
ယခု တိုက္ပြဲအတြင္း စစ္ေကာင္စီဘက္မွ ေသဆုံးထိခိုက္မႈအေျခအေနကို မသိရေသးေပ။ စသ္တပ္မွ ေသဆုးသူမ်ားရွိၿပီး ထိုစခန္းမွလက္က်န္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားအားလုံး စခန္းစြန႔္ခြာထြက္ေျပးသြားေၾကာင္း သိရသည္။
(ေခါင္လန္ဖူး ၿမိဳ႕နယ္ႏွင့္ကခ်င္ျပည္နယ္အထက္ပိုင္းကို Google Earth တြင္ေတြ႕ရမႈ / KIA ႏွင့္ KPDF တပ္ဖြဲ႕ဝင္မ်ား ။ဓါတ္ပုံ-KIA၊KPDF)