ခိုးနေတာကိုလုံခြုံရေးယူပေးနေတာ ထိမှနည်းသေး(ရုပ်သံ)

စပါးခိုးရိတ်နေတဲ့ပျူတွေကိုလုံခြုံရေးပေးနေတဲ့စကစတွေဒရုန်းနဲ့အအုန်းခံရလို့အထိနာ (ရုပ်သံ)

ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ ခင်ဦးအနောက်ခြမ်း ပျဉ်ထောင်ရွာနားက ပြည်သူပိုင်လယ်တွေရဲ့ စပါးတွေ ဝင်ရိတ်နေတဲ့ပျူစောထီးတွေအား လုံခြုံရေးပေးတဲ့ စစ်သားတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့Khin U Local Guerrilla Force (KUGF)ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။

ယမန်နေ့ မွန်းလွဲပိုင်းမှာ ပြည်သူပိုင်စပါးတွေခိုးရိတ်နေတဲ့ပျူတွေနဲ့ လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ၂ဦးလဲကျသေဆုံးခဲ့ပြီး ၄ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။

“ဒရုန်းနဲ့ ဗုံးသီး ၁၀လုံးချလိုက်တာ မျက်မြင်ကတော့ ၂ကောင်လဲကျသွားတယ်ဗျ။ စခတွေဘက်ကပြန်ပစ်ပေမယ် ကျနော်တို့ကို မထိဘူးလေ”လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။

အထက်ပါတိုက်ခိုက်မှုကိုတော့ Khin U Local Guerrilla Force (KUGF) ၊ Khin U Specialforce Organization_KSO (KURDAF Droneအဖွဲ့) ၊ခင်ဦးမြို့နယ် ပကဖ ၊ Wolf Guerrilla LDF Ye.U Air Force (KURDAF Drone အဖွဲ့)၊ Armed Revolutionary Force – KU (KURDAF Drone) ၊ Fire Dragon PDF (Khin U) Drone အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

ဇန်နဝါရီ ၁၂

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *