မအလကိုသာအုပ်လိုက်အဲ့ဂိုဏ်းတွေပျောက်သွားလိမ့်မယ်

မြန်မာစစ်ခေါင်းဆောင်နှင့် ထိုင်းကာချုပ်တို့တွေ့ဆုံ၍ မြ၀တီမြို့အနီးရှိ အွန်လိုင်းငွေကြေးလိမ်လည်မှုများ ပူးပေါင်းတိုက်ဖျက်ရေး ဆွေးနွေး

ဇန်နဝါရီ ၁၃

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် Songwit Noonpackdee တို့ ဇန်နဝါရီ ၁၁ ရက်နေ့တွင် အွန်လိုင်းမှတဆင့် တွေ့ဆုံကာ နှစ်နိုင်ငံနယ်စပ် တည်ငြိမ်ရေးနျင့် အွန်လိုင်း ငွေကြေးလိမ်လည်မှုများတိုက်ဖျက်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးတွင် တည်ရှိသည့် ကျားဖြန့်ခေါ် အွန်လိုင်းလောင်းကစား ငွေလိမ်ဂိုဏ်းများကို ဖြိုခွင်းနှိမ်နင်းပေးရန် ထိုင်းဘုရင့်တပ်မတော်မှ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဂျကပေါင်း ဂျန်ပန်းပန် ဦးဆောင်သည့်အဖွဲ့က ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက တောင်းဆိုခဲ့ပြီးနောက် ယမန်နေ့တွင် ထိုင်းကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာ စစ်ခေါင်းဆောင်တို့ အွန်လိုင်းငွေကြေးလိမ်လည်မှုများ တိုက်ဖျက်ရေး ဒုတိယအကြိမ် ထပ်မံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

စစ်ကောင်စီက ၎င်းတို့ပိုင်မီဒီယာများမှတဆင့် သတင်းထုတ်ပြန်မှုတွင် တပ်မတော်နှစ်ရပ်အကြား လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်သွားရန်၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး၊ သတင်းအချက်အလက် ဖလှယ်ရေး၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် မြ၀တီမြို့အနီးရှိ နှစ်နိုင်ငံနယ်စပ်၌ အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေး လိမ်လည်မှုများ လုပ်ဆောင်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည့်အတွက် နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက် ဆောင်ရွက်သွားရမည့် အခြေအနေများ ဆွေးနွေးခဲ့ကြောင်း ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်၌ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်၍ အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများ နှိမ်နင်းရေးရည်ရွယ်ချက်ပါဝင်သော ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်များ ထိခိုက်ကျဆုံးမှုများပြားသလို စစ်စခန်းများစွာ ဆုံးရှုံးခဲ့ပြီး မြို့ပေါင်း ၁၇ မြိုကထက်မနည်း လက်လွှတ်ခဲ့ရသည်။

ယင်းအခြေအနေတွင် မြန်မာနိုင်ငံ အရှေ့ခြမ်း ထိုင်း-မြန်မာ နယ်စပ် မြ၀တိမြို့အနီးမှ အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းပေးရန် ထိုင်းတပ်မတော်မှ ဖိဖိစီးစီးတောင်းဆိုလာမှုက ဘက်ပေါင်းစုံမှ အကြပ်တွေ့နေသည့် စစ်ကောင်စီအတွက် နောက်ထပ်ခေါင်းကိုက်စရာပြဿနာတစ်ခု ဖြစ်လာနေသည်။

မြ၀တီမြို့အနီးရှိ ရွှေကုက္ကိုလ်မြို့သစ်နှင့် KK Park မြို့တို့မှာ အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်းများကြောင့် ယခုနှစ်ပိုင်းအတွင်း နိုင်င့တကာသတင်းစာမျက်နှာများတွင် အာရှ၏ ဒုစရိုက်မြို့များအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားလာခဲ့သည်။

နိုင်င့တကာမှ အလုပ်အကိုင် ရှာဖွေသူများကို လိမ်လည်ခေါ်ဆောင်၍ ယင်းမြို့များတွင် ကျွန်ပြုခြင်း၊ ပိတ်လှောင်၍ရိုက်နှက်ခိုင်းစေကာ အွန်လိုင်းမှငွေလိမ်ခိုင်းခြင်းစသည့် လူမဆန်သည့်ရာဇဝတ်မှုများ ကျူးလွန်သောနေရာအဖြစ် နိုင်င့တကာသတင်းများက ဖော်ပြခဲ့ကြသည်။

အဆိုပါ ရွှေကုက္ကိုလ်နှင့် KK Park မြို့များမှာ အာဏာသိမ်း စစ်ကောင်စီလက်အောက်ရှိ ကရင်ပြည်နယ်အခြေစိုက် နယ်ခြားစောင့်တပ် – BGF များ၏ထိမ်းချုပ်နယ်မြေအတွင်း တည်ရှိပြီး ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကိုလည်း BGF တို့ကလုပ်ကိုင်နေကြောင်း နိုင်ငံတကာအစိုးရများက စွပ်စွဲပြောဆိုထားသည်။

ျမန္မာစစ္ေခါင္းေဆာင္ႏွင့္ ထိုင္းကာခ်ဳပ္တို႔ေတြ႕ဆုံ၍ ျမ၀တီၿမိဳ႕အနီးရွိ အြန္လိုင္းေငြေၾကးလိမ္လည္မႈမ်ား ပူးေပါင္းတိုက္ဖ်က္ေရး ေဆြးေႏြး
ဇန္နဝါရီ ၁၃
ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ထိုင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ Songwit Noonpackdee တို႔ ဇန္နဝါရီ ၁၁ ရက္ေန႔တြင္ အြန္လိုင္းမွတဆင့္ ေတြ႕ဆုံကာ ႏွစ္ႏိုင္ငံနယ္စပ္ တည္ၿငိမ္ေရးန်င့္ အြန္လိုင္း ေငြေၾကးလိမ္လည္မႈမ်ားတိုက္ဖ်က္ေရး ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ျမန္မာ-ထိုင္းနယ္စပ္ ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕အနီးတြင္ တည္ရွိသည့္ က်ားျဖန႔္ေခၚ အြန္လိုင္းေလာင္းကစား ေငြလိမ္ဂိုဏ္းမ်ားကို ၿဖိဳခြင္းႏွိမ္နင္းေပးရန္ ထိုင္းဘုရင့္တပ္မေတာ္မွ ပူးေပါင္းစစ္ဆင္ေရး ၫႊန္ၾကားေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဂ်ကေပါင္း ဂ်န္ပန္းပန္ ဦးေဆာင္သည့္အဖြဲ႕က ၿပီးခဲ့သည့္ ဒီဇင္ဘာလကုန္ပိုင္းက ေတာင္းဆိုခဲ့ၿပီးေနာက္ ယမန္ေန႔တြင္ ထိုင္းကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ျမန္မာ စစ္ေခါင္းေဆာင္တို႔ အြန္လိုင္းေငြေၾကးလိမ္လည္မႈမ်ား တိုက္ဖ်က္ေရး ဒုတိယအႀကိမ္ ထပ္မံေဆြးေႏြးခဲ့ၾကျခင္း ျဖစ္သည္။
စစ္ေကာင္စီက ၎တို႔ပိုင္မီဒီယာမ်ားမွတဆင့္ သတင္းထုတ္ျပန္မႈတြင္ တပ္မေတာ္ႏွစ္ရပ္အၾကား လုံၿခဳံေရးအရ ပူးေပါင္းေဆာင္႐ြက္သြားရန္၊ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး၊ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး၊ တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး၊ သတင္းအခ်က္အလက္ ဖလွယ္ေရး၊ နယ္စပ္ေဒသတည္ၿငိမ္ေရးႏွင့္ ျမ၀တီၿမိဳ႕အနီးရွိ ႏွစ္ႏိုင္ငံနယ္စပ္၌ အြန္လိုင္းေလာင္းကစားမႈႏွင့္ ေငြေၾကး လိမ္လည္မႈမ်ား လုပ္ေဆာင္လွ်က္ရွိေၾကာင္း စုံစမ္းသိရွိရသည့္အတြက္ ႏွစ္ႏိုင္ငံ ပူးေပါင္းတိုက္ဖ်က္ ေဆာင္႐ြက္သြားရမည့္ အေျခအေနမ်ား ေဆြးေႏြးခဲ့ေၾကာင္း ေဖာ္ျပပါရွိသည္။
ျမန္မာႏိုင္ငံ အေရွ႕ေျမာက္ပိုင္း ရွမ္းျပည္နယ္၌ ေအာက္တိုဘာလ ၂၇ ရက္ေန႔က စတင္၍ အြန္လိုင္းက်ားျဖန႔္ ေငြလိမ္ဂိုဏ္းမ်ား ႏွိမ္နင္းေရးရည္႐ြယ္ခ်က္ပါဝင္ေသာ ထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားေၾကာင့္ စစ္ေကာင္စီတပ္မ်ား ထိခိုက္က်ဆုံးမႈမ်ားျပားသလို စစ္စခန္းမ်ားစြာ ဆုံးရႈံးခဲ့ၿပီး ၿမိဳ႕ေပါင္း ၁၇ ၿမိဳကထက္မနည္း လက္လႊတ္ခဲ့ရသည္။
ယင္းအေျခအေနတြင္ ျမန္မာႏိုင္ငံ အေရွ႕ျခမ္း ထိုင္း-ျမန္မာ နယ္စပ္ ျမ၀တိၿမိဳ႕အနီးမွ အြန္လိုင္း ေငြလိမ္ဂိုဏ္းမ်ားကို ႏွိမ္နင္းေပးရန္ ထိုင္းတပ္မေတာ္မွ ဖိဖိစီးစီးေတာင္းဆိုလာမႈက ဘက္ေပါင္းစုံမွ အၾကပ္ေတြ႕ေနသည့္ စစ္ေကာင္စီအတြက္ ေနာက္ထပ္ေခါင္းကိုက္စရာျပႆနာတစ္ခု ျဖစ္လာေနသည္။
ျမ၀တီၿမိဳ႕အနီးရွိ ေ႐ႊကုကၠိဳလ္ၿမိဳ႕သစ္ႏွင့္ KK Park ၿမိဳ႕တို႔မွာ အြန္လိုင္းေငြလိမ္ဂိုဏ္း က်ားျဖန႔္လုပ္ငန္းမ်ားေၾကာင့္ ယခုႏွစ္ပိုင္းအတြင္း ႏိုင္င့တကာသတင္းစာမ်က္ႏွာမ်ားတြင္ အာရွ၏ ဒုစ႐ိုက္ၿမိဳ႕မ်ားအျဖစ္ နာမည္ဆိုးျဖင့္ ေက်ာ္ၾကားလာခဲ့သည္။
ႏိုင္င့တကာမွ အလုပ္အကိုင္ ရွာေဖြသူမ်ားကို လိမ္လည္ေခၚေဆာင္၍ ယင္းၿမိဳ႕မ်ားတြင္ ကြၽန္ျပဳျခင္း၊ ပိတ္ေလွာင္၍႐ိုက္ႏွက္ခိုင္းေစကာ အြန္လိုင္းမွေငြလိမ္ခိုင္းျခင္းစသည့္ လူမဆန္သည့္ရာဇဝတ္မႈမ်ား က်ဴးလြန္ေသာေနရာအျဖစ္ ႏိုင္င့တကာသတင္းမ်ားက ေဖာ္ျပခဲ့ၾကသည္။
အဆိုပါ ေ႐ႊကုကၠိဳလ္ႏွင့္ KK Park ၿမိဳ႕မ်ားမွာ အာဏာသိမ္း စစ္ေကာင္စီလက္ေအာက္ရွိ ကရင္ျပည္နယ္အေျခစိုက္ နယ္ျခားေစာင့္တပ္ – BGF မ်ား၏ထိမ္းခ်ဳပ္နယ္ေျမအတြင္း တည္ရွိၿပီး က်ားျဖန႔္ အြန္လိုင္းေငြလိမ္ဂိုဏ္းမ်ားကိုလည္း BGF တို႔ကလုပ္ကိုင္ေနေၾကာင္း ႏိုင္ငံတကာအစိုးရမ်ားက စြပ္စြဲေျပာဆိုထားသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *