အဘသားတွေက အဘကိုမချစ်ကြတော့ဘူး

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှ ထွက်ပြေးလာသော ပျူစောထီး ၅ ဦး ပုလဲမြို့နယ် ပအဖထံ အလင်းဝင်

ရန်ကုန်၊ ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှ ပျူစောထီး ၅ ဦး ထွက်ပြေးလာပြီး ပြည်သူ့ရင်ခွင်သို့ ခိုလှုံခဲ့ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

လွန်ခဲ့သည့် ၂ ရက်ခန့်က ပျူစောထီးသားအမိနှစ်ဦး၊ လွန်ခဲ့သော တစ်ပတ်ခန့်က ပျူစောထီး သား အဖ နှစ်ဦးနှင့် မင်းတိုင်ပင်ကျေးရွာ ပြည်သူ့တရားရုံး ဗုံးကျဲခံရစဉ်က အသက်ရှင်ကျန်ရစ်သူ ပျူစော ထီးတစ်ဦးဖြစ်ပြီး ပုလဲမြို့နယ် ပြည်သူ့အုပ်‌ချုပ်ရေး အဖွဲ့က မိုးကာ ၃ ချပ် နှင့် ထောက်ပံငွေ တစ် သိန်း ကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် သွားရောက် ကူညီထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သားအမိနှစ်ယောက်ကတော့ လွန်ခဲ့တဲ့ ၂ ရက်လောက်က ထွက်လာတာ၊ အဲဒီအထဲမှာပါတဲ့ သားအဖနှစ်ယောက်တော့ ၂ ပတ်လောက်ရှိပြီ ထွက်လာတာ၊ မင်းတိုင်ပင် တရားရေးရုံးမှာ ဗုံးကျဲ တုန်းက အသက်ရှင်ကျန်ခဲ့တဲ့ ပျူတစ်ယောက်ရယ်ပေါ့၊ သူ့မိန်းမနဲ့ ကလေးက ဆုံးသွားတယ်လေ၊ ကျနော်တို့သတင်းတင်လိုက်သေးတယ်၊ အဲဒါတွေပေါင်းပြီးတော့ ထောက်ပံ့ငွေပေးလိုက်တာပေါ့၊ မနေ့က သွားပေးလိုက်တာ၊ အရင်ရက်တွေတုန်းက ဒီဘက်မှာ စစ်ကြောင်းကလည်း အဆက်မပြတ်ရှိ နေတာဆိုတော့” ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇီးဖြူကုန်းကျေးရွာမှ ထွက်ပြေးလာပြီး ပြည်သူ့ရင်ခွင်ထံ ခိုလှုံခွင့်တောင်းခံခဲ့သူ ပျူစောထီး ၅ ဦးကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နွေးထွေးစွာကြိုဆိုပြီး လိုအပ်သည့် အချက်အလက်များကို စစ်ဆေးမေးမြန်းကာ အေးချမ်းစွာနေထိုင်ရန်၊ အကြမ်းဖက်စစ်ကောင်စီ၊ ပျူစောထီးများနှင့်(လုံးဝ) ပတ်သက်ဆက်သွယ်ခြင်းမပြုရန်၊ နွေဦးတော်လှန်ရေးနှင့် ပြည်သူလူထုကို ထိခိုက်စေသော အပြော အဆို၊ အပြုအမူများ မပြုလုပ်ရန်နှင့် ပြုလုပ်မိပါက ပြင်းထန်သောအပြစ်ပေးအရေးယူခြင်းကို ခံရ မည်ကို ခံဝန်ကတိလက်မှတ်ရေထိုးစေခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန် ထားသည်။

ပုလဲၿမိဳ႕နယ္၊ ဇီးျဖဴကုန္း႐ြာမွ ထြက္ေျပးလာေသာ ပ်ဴေစာထီး ၅ ဦး ပုလဲၿမိဳ႕နယ္ ပအဖထံ အလင္းဝင္
ရန္ကုန္၊ ဇန္နဝါရီ ၁၃
စစ္ကိုင္းတိုင္း၊ ပုလဲၿမိဳ႕နယ္၊ ဇီးျဖဴကုန္း႐ြာမွ ပ်ဴေစာထီး ၅ ဦး ထြက္ေျပးလာၿပီး ျပည္သူ႔ရင္ခြင္သို႔ ခိုလႈံခဲ့ေၾကာင္း ပုလဲၿမိဳ႕နယ္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ေခါင္းေဆာင္ ကိုေဇာ္ထက္က ရန္ကုန္ေခတ္ သစ္သတင္းဌာနထံသို႔ ေျပာၾကားသည္။
လြန္ခဲ့သည့္ ၂ ရက္ခန႔္က ပ်ဴေစာထီးသားအမိႏွစ္ဦး၊ လြန္ခဲ့ေသာ တစ္ပတ္ခန႔္က ပ်ဴေစာထီး သား အဖ ႏွစ္ဦးႏွင့္ မင္းတိုင္ပင္ေက်း႐ြာ ျပည္သူ႔တရား႐ုံး ဗုံးက်ဲခံရစဥ္က အသက္ရွင္က်န္ရစ္သူ ပ်ဴေစာ ထီးတစ္ဦးျဖစ္ၿပီး ပုလဲၿမိဳ႕နယ္ ျပည္သူ႔အုပ္‌ခ်ဳပ္ေရး အဖြဲ႕က မိုးကာ ၃ ခ်ပ္ ႏွင့္ ေထာက္ပံေငြ တစ္ သိန္း ကို ဇန္နဝါရီလ ၁၂ ရက္ေန႔တြင္ သြားေရာက္ ကူညီေထာက္ပံ့ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“သားအမိႏွစ္ေယာက္ကေတာ့ လြန္ခဲ့တဲ့ ၂ ရက္ေလာက္က ထြက္လာတာ၊ အဲဒီအထဲမွာပါတဲ့ သားအဖႏွစ္ေယာက္ေတာ့ ၂ ပတ္ေလာက္ရွိၿပီ ထြက္လာတာ၊ မင္းတိုင္ပင္ တရားေရး႐ုံးမွာ ဗုံးက်ဲ တုန္းက အသက္ရွင္က်န္ခဲ့တဲ့ ပ်ဴတစ္ေယာက္ရယ္ေပါ့၊ သူ႔မိန္းမနဲ႔ ကေလးက ဆုံးသြားတယ္ေလ၊ က်ေနာ္တို႔သတင္းတင္လိုက္ေသးတယ္၊ အဲဒါေတြေပါင္းၿပီးေတာ့ ေထာက္ပံ့ေငြေပးလိုက္တာေပါ့၊ မေန႔က သြားေပးလိုက္တာ၊ အရင္ရက္ေတြတုန္းက ဒီဘက္မွာ စစ္ေၾကာင္းကလည္း အဆက္မျပတ္ရွိ ေနတာဆိုေတာ့” ဟု ပုလဲၿမိဳ႕နယ္ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ေခါင္းေဆာင္ ကိုေဇာ္ထက္က ရန္ကုန္ ေခတ္သစ္သတင္းဌာနထံသို႔ ေျပာၾကားသည္။
ဇီးျဖဴကုန္းေက်း႐ြာမွ ထြက္ေျပးလာၿပီး ျပည္သူ႔ရင္ခြင္ထံ ခိုလႈံခြင့္ေတာင္းခံခဲ့သူ ပ်ဴေစာထီး ၅ ဦးကို ပုလဲၿမိဳ႕နယ္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕မွ ေႏြးေထြးစြာႀကိဳဆိုၿပီး လိုအပ္သည့္ အခ်က္အလက္မ်ားကို စစ္ေဆးေမးျမန္းကာ ေအးခ်မ္းစြာေနထိုင္ရန္၊ အၾကမ္းဖက္စစ္ေကာင္စီ၊ ပ်ဴေစာထီးမ်ားႏွင့္(လုံးဝ) ပတ္သက္ဆက္သြယ္ျခင္းမျပဳရန္၊ ေႏြဦးေတာ္လွန္ေရးႏွင့္ ျပည္သူလူထုကို ထိခိုက္ေစေသာ အေျပာ အဆို၊ အျပဳအမူမ်ား မျပဳလုပ္ရန္ႏွင့္ ျပဳလုပ္မိပါက ျပင္းထန္ေသာအျပစ္ေပးအေရးယူျခင္းကို ခံရ မည္ကို ခံဝန္ကတိလက္မွတ္ေရထိုးေစခဲ့ေၾကာင္း ပုလဲၿမိဳ႕နယ္ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ က ထုတ္ျပန္ ထားသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *