နာမည်တွေသေချာမှတ်ထား မကြာခင်အကြွေးပြန်တောင်းမယ်

မအူပင်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများကို လုံခြုံရေး အကြောင်းပြ၍ အကျဉ်းဦးစီးဌာနက လိင်အင်္ဂါနှင့်စအိုများကို လက်ဖြင့် နှိုက်၍ စစ်ဆေး

ဇန်နဝါရီ ၁၄

ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်ရှိ မအူပင်အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်း သူ အမျိုးသမီးများကို လုံခြုံရေး အကြောင်းပြ၍ အကျဉ်းဦးစီးဌာနက လိင်အင်္ဂါ နှင့်စအိုများကို လက်ဖြင့် နှိုက်၍ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း မြန်မာ နိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦး က ပြောဆိုသည်။

ဧရာဝတီတိုင်း မအူပင်အကျဉ်းထောင် အမျိုးသမီးအဆောင်တွင် တရားရုံး ထွက်ချိန် နှင့် ပြန်လာချိန်များတွင် နိုင်ငံရေးအကျဉ်းသူများကို လုံခြုံရေး အကြောင်း ပြ၍ လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုနှင့် ဖိနှိပ်မှုများကို အမျိုးသမီး‌ အဆောင်မှုး ဒေါ်မေဇင်ထွန်း ၂ပွင့်အရာရှိ နှင့် အကျဉ်းထောင်ဝန်ထမ်း အမျိုးသမီး များ ပူးပေါင်း၍ ကျူးလွန်လျက်ရှိကြောင်း သိရှိရသည်။

ရုံးထုတ်ပြန်လာသည့် နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများကို လျှို့ဝှက် ရေးသား ထားသည့်စာများပါမပါကို စစ်ဆေး သည်ဆိုသည့်အကြောင်းပြချက်ဖြင့် ရုံး ထွက် သွားမည့်အချိန်နှင့် တရားရုံးမှပြန်လာချိန်များတွင် နိုင်ငံရေးအကျဉ်းသူ အမျိုးသမီး များကို ယုတ်ရင်းကြမ်းတမ်းစွာ ပြောဆိုဆက်ဆံကြောင်း၊ အကျဉ်း ထောင် အဆောင်ရှေ့လူမြင်ကွင်းတွင် ဝတ်ထားသည့် အင်္ကျီများ၊ထမီများနှင့် အတွင်းခံများကို ချွတ်ခိုင်း၍ အဝတ်ဗလာမဲ့ထားကာရှာဖွေမှုများကိုအမြဲတစေ ပြုမှုဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ပို၍ဆိုးရွားလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုအဖြစ် နိုင်ငံရေး အကျဉ်းသူ အမျိုးသမီးများ၏ လိင်အင်္ဂါအတွင်းထဲသို့ လက်ဖြင့် နှိုက်၍ ရှာဖွေ ခြင်း၊စအိုအတွင်းထဲသို့ လက်နှိုက်ခြင်းတို့ကို ပြုလုပ်နေကြောင်း၊ အမျိုးသမီးတို့ ၏ အရှက်သိက္ခာကို ထိခိုက်အောင်အထိ ပြုမှုနေပြီး အပျိုအရွယ်နိုင်ငံ‌ရေး အကျဉ်းသူ အမျိုးသမီးငယ်များ ဓမ္မတာလာနေချိန်အတွင်းမှာပင် ဖြေလျော့ ပေးခြင်းမရှိဘဲ အတွင်းခံများကို ချွတ်ခိုင်းပြီး စစ်ဆေးမှုများ လုပ်ဆောင် နေ ကြောင်း သိရှိရသည်။

ထိုသို့ စစ်ဆေးခြင်းသည် နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများ၏ အရှက် သိက္ခာ နှင့် လူ့ဂုဏ်သိက္ခာကို လူမဆန်စွာပြုမှုစော်ကားခြင်းဖြစ်သည့်အပြင် စိတ်ပိုင်း ဆိုင်ရာကို မတရားနှိပ်စက်ခြင်းဖြစ်ပြီး လူ့အခွင့်အရေးကြေညာစာတမ်းပါ အပိုဒ် ၅ ကို ပေါ်ပေါ်တင်တင်ချိုးဖောက်နေခြင်းဖြစ်သည့်အပြင် နိုင်ကျဉ်း အမျိုး သမီးများ၏ ခွင့်ပြုချက်မရရှိဘဲ ယခုလိုပြုမှုဆောင်ရွက်ခြင်းသည် လိင်ပိုင်း ဆိုင်ရာ အရှက်ရ‌ စေရန် နှောက်ယှက်ခြင်း( အတင်းအဓမ္မပြု‌ခြင်း) ပင် ဖြစ် ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦးက ရှင်းပြသည်။

“အခြားထောင်တွေမှာ နိုင်/ကျဉ်းတွေကို အခုလိုစစ်ဆေးတာမျိုး မရှိပါဘူး။ ဒါပေမယ့် မအူပင်ထောင်မှာတော့ ဒီလိုစစ်ဆေးနေတာ အချိန် အနည်း ငယ်ကြာလာနေပါပြီ။ နိုင်/ကျဉ်းအမျိုးသမီးတွေက အခုလို မစစ်ဆေးပေးဖို့ တင်ပြပေမယ့် လက်မခံဘဲ ပို၍ ဆိုးရွားစွာ စစ်ဆေးလာပါတယ်။ ကျွန်တော် တို့အဖွဲ့ စုံစမ်းစစ်ဆေးနေသည့် တစ်လအတွင်း အခုလိုစစ်ဆေးမှုကို ရပ်သွား ခြင်း မရှိသေးပါဘူး” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသား များ ကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦးက ဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)အနေဖြင့် စေခိုင်းသူများ၊ပါဝင်ပက်သက်သူများနှင့် ကျူးလွန်သူ များ ကို အကူးအပြောင်း ကာလ တရားမျှတမှုဖော်ဆောင်ရာတွင် ကျူးလွန်ခံခဲ့ကြရသည့် အမျိုးသမီးများ အတွက် တရားမျှတမှုရရှိစေရန် ပြည်သူ့တရားရုံးများမှတဆင့် ပြန်လည် တရားစွဲဆိုနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က တရားဝင် ကြေညာသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *