တပ်ကြပ်ကြီးမွှင်းခါး ခိခိ

ယင်းမာပင်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲမှု တပ်ကြပ်ကြီး ၁ ဦး သေဆုံး ပြီး စစ်သား ၄ ဦး အပြင်းအထန်ဒဏ်ရာရ ရန်ကုန်၊ ဇန်နဝါရီ ၁၄ ယင်းမာပင်မြို့နယ်မှ ယန်စီစက်ရုံဘက်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်း ဖက် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ တပ်ကြပ်ကြီး အဆင့်ရှိသူ သေဆုံးသွား ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၂၉ မှ ဗိုလ်အိုင်အိုက ပြောကြားသည်။ ဇန်နဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ယင်းမာပင်မြို့နယ် အထက်တန်း စာသင်ကျောင်းထဲမှ ထွက်လာသော အင်အား ၆၂ ဦးပါ စစ်ကြောင်းကို ယင်းမာ ပင် မြို့နယ် တစ်နေရာတွင် ယင်းမာပင်ခရိုင်တပ်ရင်း ၂၉ က ရှေ့ထွက်မိုင်း ၅ လုံးခွဲ ၍ တိုက်ခိုက်ရာ တပ်ကြပ်ကြီး ၁ ဦး သေဆုံးပြီး စစ်သား ၄ ဦး အပြင်း အထန် ဒဏ်ရာ ရရှိကြောင်း၊ အဆိုပါ စစ်ကြောင်းသည် ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၄ နာရီအချိန် ကျင်ကြင်းတောင်ဘုန်းကြီးကျောင်း တွင် ညအိပ်တပ်စွဲပြီး ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ယန်စက်ရုံအတွင်းသို့ ဝင်ရောက်သွားကြောင်း သိရှိရ သည်။ “မိုင်းခွဲတာဆိုတော့ စစ်တပ်ဘက်က ပြန်ပြီးတော့ ရမ်းပစ်တယ်။ ရဲဘော်တွေ ဘေးကင်းတယ်။ ယင်းမာပင်မြို့ ကနေပြီး ယန်စီရုံးကို စစ်ကြောင်းထိုးတာ။တပ်ကြပ် ကြီး ၁ ဦးသေဆုံးတယ်။ “ဟု ယင်းမာပင်ခရိုင် တပ်ရင်း ၂၉ တပ်မှ ဗိုလ်အိုင်အိုက က ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောပြသည်။လက်ရှိအချိန်အထိ အင်အား ၆၂ ဦးပါ အကြမ်းဖက်စစ်ကြောင်းသည် ယန်စီ ကုမ္ပဏီစက်ရုံဝင်းအတွင်းတွင် စခန်းချလျက်ရှိကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *