မိမိုက်နေရော အက်ရှင်(ရုပ်သံ)

မိုးမိတ်မြို့နယ် အုန်းချောရွာသစ် ရေအားလျှစ်စစ်ခွဲရုံးရှိ အကြမ်းဖက်စစ်သားတွေကို စီးနင်း တိုက်ခိုက် စစ်သား ၇ ဉီးသေဆုံး (ရုပ်/သံ)

++++++++++++++++++++++++++++++

ဇန်နဝါရီ ၁၄ ရက်

ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ် အုန်းချောရွာသစ် ရေအားလျှစ်စစ်ခွဲရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ တယ်လို့ မိုးမိတ်ခရိုင် KPDF တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၁ ရက် ညနေ ၅ နာရီ ၄၀ မိနစ်အချိန်က အုန်းချောရွာသစ် ရေအားလျှပ်စစ်ခွဲရုံးမှာ တပ် စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဉီးသေဆုံးပြီး ၇ ဉီးဒဏ်ရာရရှိ သွားကာ ၅ ဉီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို ကချင်လွတ်မြောက်ရေးတပ်မတော် (K.I.A) အမှတ် (34) တပ်ရင်း၊ မဟာမိတ် ရှမ်းမြောက် (A.B.S.D.F) ကျောင်းသားတပ်မတော်နဲ့ မဟာမိတ်အမှတ် (34) K – PDF တပ်ရင်း ပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

++++++++++++++++++++++++++++++
ဇန်နဝါရီ ၁၄ ရက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *