အဘရေ သူတို့ကိုရှမ်းမြောက်ပို့ပေးပါ

ပုသိမ်မြို့တွင် အမျိုးသားရေးသမားများနှင့် နေ့စားဌားရမ်းထားသူများမှ ညီနောင်မဟာမိတ် ၃ ဖွဲ့ ကို ကန့်ကွက်ဆန္ဒပြ

ဇန်နဝါရီ ၁၄

ဧရာ၀တီတိုင်း ပုသိမ်မြို့တွင် ဇန်နဝါရီလ ၁၄ရက်နေ့ နေ့လယ် ၁၂နာရီ ခန့်က စစ်ကောင်စီ၏ ခွင်ပြုချက်ဖြင့် လူအင်အား၂၀၀ခန့်က ညီနောင်မဟာမိတ် သုံးဖွဲ့ကို ကန့်ကွက်သည့် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆန္ဒပြပွဲကို ဧရာ၀တီအမျိုးသားရေးညွန့်ပေါင်းအဖွဲ့ မှဦးဆောင်ပြီး ယခင် စစ်ကောင်စီ ထောက်ခံပွဲများတွင် နေ့စား ဆန္ဒပြလိုက်ဖူးသူများနှင့် မြို့နယ်အချို့မှ ကားဖြင့်ခေါ်ဆောင်လာသူများ ပါ၀င်ကြောင်း မြို့ခံများထံက သိရသည်။

” သူတို့ စလှည့်ဖို့ကြေငြာထားတာ ၁၁နာရီ တဲ့ ပုသိမ်က လူနည်းနည်းလေး အရင်ထောက်ခံပွဲ ဆိုလိုက်နေကြ ရုပ်တွေပါပဲ။ ၁၂နာရီကျော်မှတစ်ခြားမြို့က ကားတွေ မြို့ထဲ၀င်လာကြမှ လူများသွားတာ ကျောင်းကုန်းမြို့နယ်က လာကြတာများတယ်”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

ဆန္ဒပြသူများသည် ပုသိမ်မြို့မရမ်းချို ကျောင်းတိုက်အတွင်းမှ စတင်လှည့်လည်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲနေသည့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်ခေါ် ကိုးကန့်တပ် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြသူများ၏ဘေးတွင် စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ရဲများက ဆိုင်ကယ်၊ ကားများဖြင့် လုံခြုံရေးယူပေးနေပြီး ပုသိမ်မြို့ကမ်းနားလမ်း ရူခင်းသာရင်ပြင်ရှေ့တွင် ဟောပြောပွဲပြုလုပ်ကာ စုပေါင်းဓါတ်ပုံရိုက်ပြီး ပြန်သွားကြကြောင်းမြို့ခံများထံက သိရသည်။

ပုံစာ-အမျိုးသားရေးသမားများနှင့် နေ့စားဌားရမ်းထားသူများ ပုသိမ်တွင် လှည့်လည်ဆန္ဒပြနေစဉ်

ပုသိမ္ၿမိဳ႕တြင္ အမ်ိဳးသားေရးသမားမ်ားႏွင့္ ေန႔စားဌားရမ္းထားသူမ်ားမွ ညီေနာင္မဟာမိတ္ ၃ ဖြဲ႕ ကို ကန္႔ကြက္ဆႏၵျပ
ဇန္နဝါရီ ၁၄
ဧရာ၀တီတိုင္း ပုသိမ္ၿမိဳ႕တြင္ ဇန္နဝါရီလ ၁၄ရက္ေန႔ ေန႔လယ္ ၁၂နာရီ ခန္႔က စစ္ေကာင္စီ၏ ခြင္ျပဳခ်က္ျဖင့္ လူအင္အား၂၀၀ခန္႔က ညီေနာင္မဟာမိတ္ သုံးဖြဲ႕ကို ကန္႔ကြက္သည့္ ဆႏၵျပပြဲ ျပဳလုပ္ခဲ့ေၾကာင္း သတင္းရရွိသည္။
ဆႏၵျပပြဲကို ဧရာ၀တီအမ်ိဳးသားေရးၫြန္႔ေပါင္းအဖြဲ႕ မွဦးေဆာင္ၿပီး ယခင္ စစ္ေကာင္စီ ေထာက္ခံပြဲမ်ားတြင္ ေန႔စား ဆႏၵျပလိုက္ဖူးသူမ်ားႏွင့္ ၿမိဳ႕နယ္အခ်ိဳ႕မွ ကားျဖင့္ေခၚေဆာင္လာသူမ်ား ပါ၀င္ေၾကာင္း ၿမိဳ႕ခံမ်ားထံက သိရသည္။
” သူတို႔ စလွည့္ဖို႔ေၾကျငာထားတာ ၁၁နာရီ တဲ့ ပုသိမ္က လူနည္းနည္းေလး အရင္ေထာက္ခံပြဲ ဆိုလိုက္ေနၾက ႐ုပ္ေတြပါပဲ။ ၁၂နာရီေက်ာ္မွတစ္ျခားၿမိဳ႕က ကားေတြ ၿမိဳ႕ထဲ၀င္လာၾကမွ လူမ်ားသြားတာ ေက်ာင္းကုန္းၿမိဳ႕နယ္က လာၾကတာမ်ားတယ္”ဟု မ်က္ျမင္ေတြ႕ရွိသူတစ္ဦးက ေျပာသည္။
ဆႏၵျပသူမ်ားသည္ ပုသိမ္ၿမိဳ႕မရမ္းခ်ိဳ ေက်ာင္းတိုက္အတြင္းမွ စတင္လွည့္လည္ခဲ့ၿပီး ၁၀၂၇ စစ္ဆင္ေရး ဆင္ႏႊဲေနသည့္ တအာင္းအမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္(TNLA) ၊ ျမန္မာအမ်ိဳးသား ဒီမိုကရက္တစ္ မဟာမိတ္ တပ္မေတာ္ေခၚ ကိုးကန႔္တပ္ (MNDAA) ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တို႔ကို ဆန႔္က်င္ဆႏၵျပခဲ့ျခင္းျဖစ္သည္။
ဆႏၵျပသူမ်ား၏ေဘးတြင္ စစ္ေကာင္စီတပ္ဖြဲ႕၀င္မ်ားႏွင့္ ရဲမ်ားက ဆိုင္ကယ္၊ ကားမ်ားျဖင့္ လုံၿခဳံေရးယူေပးေနၿပီး ပုသိမ္ၿမိဳ႕ကမ္းနားလမ္း ႐ူခင္းသာရင္ျပင္ေရွ႕တြင္ ေဟာေျပာပြဲျပဳလုပ္ကာ စုေပါင္းဓါတ္ပုံ႐ိုက္ၿပီး ျပန္သြားၾကေၾကာင္းၿမိဳ႕ခံမ်ားထံက သိရသည္။
ပုံစာ-အမ်ိဳးသားေရးသမားမ်ားႏွင့္ ေန႔စားဌားရမ္းထားသူမ်ား ပုသိမ္တြင္ လွည့္လည္ဆႏၵျပေနစဥ္

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *