လုံးဝမဆုတ်ဘူး ရအောင်ယူမယ်

သိုင်းငင်းရှိ စစ်ကောင်စီတပ်စခန်းရရှိရေးတိုက်ခိုက်နေဟု CNA ပြောဇန်နဝါရီလ ၁၄ချင်းပူးပေါင်းတပ် စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေသည့် ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ စစ်ကောင်စီ၏ သိုင်းငင်းတပ်စခန်းရရှိရေး ဆက်လက်တိုက်ခိုက်နေသည်ဟု ချင်းအမျိုးသားတပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယနေ့ညပိုင်းတွင် ပြောသည်။ကလေး – ဟားခါးလမ်းပိုင်းရှိ သိုင်းငင်း စစ်စခန်းကို ဇန်နဝါရီ၁၂ရက်ညပိုင်းက စတင်တိုက်ခိုက်ခဲ့ရာ ယမန်နေ့တွင် စခန်းအတွင်း ဝင်ရောက် နိုင်သော်လည်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်နေ၍စခန်းအပြီးမသိမ်းနိုင်သေးဟု ဆိုသည်။”လေကြောင်း နဲ့ ကလေးကနေ လက်နက်ကြီး တအားသုံးနေတယ်ဆက်တိုက်ပဲ”ဟု ဆလိုင်းထက်နီက ပြောသည်။ထိုသို့ ပစ်ကူပေးတိုက်ခိုက်နေသော်လည်း ဆုတ်ခွာခြင်းမပြုဘဲ ဆက်လက်တိုက်ခိုက်နေဆဲဟု အသိပေးသည်။”မဆုတ်ဘူး။ စခန်း အပြီးသိမ်းဖို့ပြင်ဆင်ပြီးသားမို့ ဘယ်တော့မှ လက်လွှတ်မခံဘူးခင်ဗျ”ဟု ဆလိုင်းထက်နီက ပြောသည်။စခန်းသိမ်းတိုက်ခိုက်မှုအတွင်း ချင်းပူးပေါင်းတပ်က ရဲဘော်အချို့ကျဆုံးထိခိုက်မှု ရှိသကဲ့သို့ စစ်ကောင်စီဘက်ကလည်း သေဆုံးထိခိုက်ရှိသည်ဟု ဆိုသည်။(CNAနှင့် ချင်းပူးပေါင်းတပ်မှ ရဲဘော်များ Rezua မြို့တွင်းသိမ်းပိုက်ဝင်ရောက်ရန်ချဉ်းကပ်နေသည်ကို ၂၀၂၃ နိုဝင်ဘာက တွေ့ရစဉ်။ ဓာတ်ပုံ – CIC)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *