မနက်စာ ရခိုင်မွှင်းခါးပွဲ၂၀

ရခိုင်ပြည်နယ်၊ မီး၀ဗျူဟာကုန်း၊ အမြောက်တပ် ၃၇၇ စခန်း၊ ရီစိုးချောင်း ဗျူဟာ၊ လင်းမြွေတောင်စခန်းတို့ကို သိမ်းပိုက်ရရှိပြီး ထွက်ပြေးသွားသော စစ်တပ်ကို လိုက်လံတိုက်ခိုက်မှု စစ်သား ၂၀ ကျော်သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ၏ မီး၀ဗျူဟာကုန်း၊ အမြောက်တပ် ၃၇၇ စခန်း၊ ရီစိုးချောင်း ဗျူဟာ၊ လင်းမြွေတောင်စခန်းတို့ကို သိမ်းပိုက်ရရှိပြီး ထွက် ပြေးသွားသော စစ်တပ်ကို လိုက်လံတိုက်ခိုက်ရာ စစ်သား ၂၀ ကျော် သေဆုံး ကြောင်း ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၃ ရက်နေ့၊ ညနေ ၆ နာရီအချိန်ခန့်တွင် ပလက်ဝ-ကျောက်တော် မြိုနယ်အစပ်ရှိ “မီးဝဗျူဟာကုန်း” တစ်ခုလုံးအား ရက္ခိုင့်တပ်တော်က အပြီး သတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ “မီးဝဗျူဟာ”စခန်းကုန်းကို ဇန်နဝါရီလ ၉ ရက် နံနက် ၁၀ နာရီ ၂၈ မိနစ်ခန့်အချိန်တွင် စတင် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၁၃ ရက်၊ ညနေ ၆ နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ စစ်တပ်၏ ၏ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

မီး၀ဗျူဟာစခန်းကုန်းကြီးကို AA က ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်မှ ၂၀၂၀ ခုနှစ်၊ မတ်လ ၁၇ ရက်အထိ ရက်ပေါင်း ၄၂ ရက်ကြသည့်တိုင်အောင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ဖူးသော်လည်း ထိုအချိန်က အပြီးသတ်သိမ်းပိုက် ရယူ နိုင်ခဲ့ခြင်းမရှိခဲ့သော ဗျူဟာစခန်းတစ်ခုဖြစ်ကြောင်း၊ ၂ နှစ်နီးပါးအကြာတွင် ၄ ရက်တာ ပြင်းပြင်းထန်ထန် ခက်ခက်ခဲခဲတိုက်ခိုက်ပြီးနောက်တွင်မှ ယခုကဲ့သို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မီးဝဗျူဟာမှ လက်နက် ခဲယမ်း နှင့် စစ်အသုံးအဆောင်ပစ္စည်းအမြားအပြားကို ထပ်မံသိမ်းဆည်း ရမိခဲ့ ကြောင်း သိရှိရသည်။

ထို့ပြင် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်အချိန် ကျောက်တော် မြို့ နယ်အတွင်းရှိ စစ်ကောင်စီ၏ အမှတ် ၃၇၇ အမြောက်တပ် စခန်းကို လည်း ကောင်း ၊ ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းတည့် ၁၂ နာရီတိတိအချိန် ရသေ့တောင် မြို့နယ်၊ “ရီစိုးချောင်းဗျူဟာကုန်း” ကိုလည်းကောင်း ထပ်မံသိမ်းပိုက် ရရှိခဲ့ ကြောင်း သိရှိရသည်။

AA က သိမ်းပိုက်လိုက်သော “ရီစိုးချောင်း ဗျူဟာ” သည် ရသေ့တောင်မြို့ နယ် အတွင်း AA က နှစ်ရှည်လများ ဝိုင်းဝန်းပိတ်ဆို့ထားခြင်းခံရသော စခန်းတစ်ခု ဖြစ်ကြောင်း၊ စစ်ကောင်စီ၏ အချက်အချာနှင့် မဟာဗျူဟာကျသော ဗျူဟာကုန်းကြီးများကို ရက္ခိုင့် တပ်တော်က တစ်ခုပြီးတစ်ခု သိမ်းပိုက် နေသော ကြောင့်မည်သိုမျှ တောင့်ခံနိုင်ခြင်း မရှိတော့သည်ကို ကောင်းစွာ နား လည် သဘောပေါက်၍ ကြောက်လန့်ကာ စခန်းစွန့်ခွာ ထွက် ပြေးသွား ခဲ့ကြကြောင်း၊ AA က သိမ်းပိုက်ရရှိထားသော ဗျူဟာ စခန်းကုန်းများမှ စစ်သား တချို့သည် ထွက်ပြေးလွတ်မြောက်နေကြသဖြင့် လိုက်လံရှင်းလင်းလျက် ရှိ ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၄ ရက်၊ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန် စခန်းများမှ ထွက်ပြေး လွတ် မြောက်နေသော စစ်ကောင်စီတပ်ဖွဲဝင်များနှင့် AA တပ်ဖွဲ့အဲကား ရက္ခိုင်ပြည်၊ မောင်တောမြိုနယ်၊ မြောက်ဘက်၊ ခမောင်းဆိပ်ရွာ၏ အနောက် မြောက်ဘက် တွင် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သား ၂၀ ကျော်ကို အချိန်တိုတို အတွင်း ချေမှုန်းသုတ်သင် နိုင်ခဲ့ကြောင်း၊ စစ်တပ်၏လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့ပြန်ကြောင်း သိရှိရသည်။

ထို့အတူ ဇန်နဝါရီလ ၁၂ ရက်၊ နံနက် ၁၁ နာရီ အချိန်ခန့်တွင် မြောက်ဦးမြိုနယ်၊ လင်းမြွေတောင်စခန်းကိုလည်း သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်း အများ အပြား ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း မူဆယ် ၁၀၅ မိုင်ဗျူဟာကုန်းကို AA က သိမ်းပိုက်ခဲ့စဉ် ။ (ပုံအဟောင်းဖြစ်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *