အပစ်ရပ်ဆိုတာ ညစ်ပတ်တာတွေပြင်ဆင်ဖို့

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အပစ်ရပ်ထားသော်လည်း စစ်တပ်က မိုးကုတ်နှင့် လားရှိုးရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်အင်အား ဖြည့်တင်းနေ ဇန်နဝါရီလ ၁၄ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင် မဟာမိတ် ၃ ဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ အပစ်အခတ် ရပ်စဲထားသော်လည်း မိုးကုတ်မြို့နယ်နှင့် လားရှိုးမြို့နယ်တို့ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ယနေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၁၁ နာရီ ၁၁ မိနစ်အချိန်က မိုးကုတ်မြို့နယ်၊ ဖြူရောင်ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ အထက်ညောင်ကုန်းနှင့် ကုန်စံကျေးရွာကြားသို့ လက်နက်ကြီး ဖြင့် ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အလားတူ ယနေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၇ နာရီ မိနစ် ၄၀ခ န့်က လားရှိုးမြို့နယ်စစ်ကောင်စီ တပ်က တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ နာကွန့်ကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီး ဖြင့် ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ထို့ပြင် မူဆယ်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို ထောက်ပို့လေယာဥ်ဖြင့် ၁ကြိမ် စစ်ကူလူအင်အား နှင့် လက်နက်ခဲယမ်းများ ထပ်မံလာရောက်ဖြည့်တင်းခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *