ပလပ်ဝဆို့အောင့်နှင့်ရသေ့တောင်စခ၁၂၀အလံဖြူထောင်

ရသေ့တောင်တွင် စစ်ကောင်စီ တပ်သား ၁၂၀ကျော် AAထံ လက်နက်ချ”အရာရှိ ကဗျူဟာမှူး ပါဖို့များပါတယ်။ဗျူဟာကုန်းကို စွန့်ခွာလာတာက တိုက်ပွဲဖြစ်လို့ စွန့်ခွာလာတာ မဟုတ်ဘူး။ ရိက္ခာတွေ ပြတ်လပ်ပြီးတာ့ သူတို့ ဆင်းလာတာ”-​ဒေသခံတစ်ဦးဇန်နဝါရီလ ၁၅ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရေစိုးချောင်းစစ်ကောင်စီဗျူဟာစခန်းမှ တပ်ဖွဲ့ဝင် ၁၂၀ကျော်ရက္ခိုင့်တပ်တော်(AA)ထံ လက်နက်ချအလင်းဝင်ခဲ့ကြောင်း​ဒေသတွင်းသတင်းမြစ်ကပြောသည်။ယနေ့ (ဇန်နဝါရီ၁၅ရက်နေ့) မနက်ပိုင်းတွင် ရသေ့တောင် မညှင်းတောင်ရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်မှလက်နက်ချခဲ့ခြင်းဖြစ်သည်။”ရေစိုးချာင်းဗျူဟာက ဆင်းလာတဲ့ တပ်ဖွဲ ၂၀၀ ကျော်ကျာ် လောက်မှာ ၁၀၀ ကျော် ကျော် လောက်က လက်နက်ချ အလင်းဝင်သွားတာပေါ့။ရသေ့တောင်မြို့နယ် မညှင်းတောင်ရွာမှာ။ဗျူဟာကုန်းကို စွန့်လာတာ။ စွန့်လာတော့ AA ကဝိုင်းပြီးတော့ တိုက်တာပေါ့။ တိုက်ခိုက်တဲ့ အချိန်မှာ ၁၂၀ လောက်က အလင်းဝင်သွားတာပေါ့”ဟု ရခိုင်စစ်​ရေးသတင်းမြစ်ကပြောသည်။ဖမ်းမိ​သောစစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် ဗျူဟာမှူး အဆင့်အပါအဝင်အရာရှိအချို့ပါဝင်ကြောင်းလည်းသတင်းထွက်​ပေါ်​နေသည်။”သူတို့ စိစစ်နေတယ်လို့ ပြောတယ်။ အရာရှိ က ဗျူဟာမှူး ပါဖို့များပါတယ်။ဗျူဟာကုန်းကို စွန့်ခွာလာတာက တိုက်ပွဲဖြစ်လို့ စွန့်ခွာလာတာ မဟုတ်ဘူး။ ရိက္ခာတွေ ပြတ်လပ်ပြီးတာ့ သူတို့ ဆင်းလာတာ။ အောက်ခြေရောက်တော့ AAက ပိတ်ဆို့ ပြီး တိုက်ခိုက်တာ ။တိုက်ပွဲဖြစ်တဲ့ အချိန် မနက်က လက်နက်ချတာပေါ့”ဟု ရခိုင် သတင်းရင်းမြစ်ကပြောသည်။ရသေ့တောင်မြို့ကို ကာထားသည့် စစ်ကောင်စီ တပ်စခန်းများကို ရုတ်သိမ်းပြီး မြို့ပေါ်ရှိ တပ်များဖြင့် ပေါင်းလိုက်ခြင်းဖြစ်သည်ဟု ​ဒေသခံတစ်ဦးက ​ပြောသည်။(​မြောက်ဦးမြို့ လင်း​မြွေ​တောင်စစ်တပ်စခန်းသိမ်းရာမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် AA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-AA )

ပလက်၀မြို့နယ်တစ်ခုလုံး Sold Out ပြီ ၊ ပလက်၀ကို စစ်ကောင်စီ ကင်းစင် သော မြို့နယ် အဖြစ် AA က ကြေညာ

■ သံချပ်ကာကား၊ စစ်ကားများ၊ အမြောက်များ အပါအဝင် လက်နက် ခဲယမ်း အများ အပြား သိမ်းဆည်း ရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်လိုက်သဖြင့် ချင်းပြည်နယ်၊ ပလက်၀ မြို့နယ်တစ်ခုလုံး Sold Out သွားပြီဖြစ်ကြောင်း AAက တရားဝင် သတင်း ထုတ်ပြန်ကြေညာသည်။

ပလက်၀မြို့နယ်ကို နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်၍ AA ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၂ လကျော် ကြာမြင့်ချိန် ဇန်နဝါရီ ၁၄ ရက်နေ့ တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင်စတင်ခဲ့ပြီး “တရွန်အိုင်” နှင့် “နှုံးဘူး” ဗျူဟာနှစ်ခုစလုံးကို ရှေ့ဆင့် နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ၊ ယင်းနောက် စစ်ကောင်စီ၏ ဗျူဟာကုန်းနှင့် စခန်းများ ကို တောက်လျှောက်ဆိုသလို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ပလက်ဝမြို့ ပတ်ဝန်းကျင်တွင် “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်”၊ “စကခ(၁၉) ရှေ့တန်း တပ်မဌာနချုပ်”နှင့် “တပ်မ(၁၁)” လက်အောက်ခံတပ်ရင်းများသည် ပလက်ဝမြို့ကို ဗဟိုပြု၍ အရှေ့၊ အနောက်၊ တောင်၊ မြောက် တပ်ဖြန့်ထားခဲ့ကြောင်း၊“ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” သည် ပလက်ဝဒေသတစ်ခုလုံးရှိ ၎င်းတို့၏တပ်စခန်းများအားလုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးကွပ်ကဲနေသော အဓိကတပ်မဌာနချုပ်တစ်ခုဖြစ်ပြီး တပ်မမှူးများ ပူးတွဲကြီးကြပ်ကွပ်ကဲနေသည့် “စစ်ဗျူဟာ ကုန်းကြီး” လည်းဖြစ်ကြောင်း ၊ပလက်ဝဒေသအတွင်းရှိ တပ်ရင်းများနှင့် ပလက်ဝဒေသအတွင်း အခြေချလှုပ်ရှားနေသော “စကခ(၁၉)” နှင့် “တပ်မ (၁၁)” တို့မှ တပ်မမှူးများအားလုံးသည် ပလက်ဝမြို့တွင် အတူရှိနေကြပြီး ၎င်းနေရာမှ ကွပ်ကဲအုပ်ချုပ်နေသောကြောင့် ပလက်ဝမြို့သည် အကြီးဆုံးဗျူဟာစခန်းကုန်းလည်း ဖြစ်ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပလက်ဝမြို့ အခြေစိုက် စစ်ကောင်စီ၏ “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” ကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း၊ စစ်တပ်၏ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ပလက်ဝဒေသအတွင်း စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် “နှမဒါဗျူဟာ” နှင့် “ခန်ခတောင် ဗျူဟာ” စခန်းနှစ်ခုထဲမှ “ခန်ခတောင်ဗျူဟာ” စခန်းကိုလည်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း၊ “ခန်ခတောင်ဗျူဟာ” မှ စစ်သားများမှာ အိန္ဒိယနိုင်ငံ ဘက်အတွင်းသို့ ထွက်ပြေး သွားခဲ့ကြကြောင်း သိရှိရသည်။

ပလက်ဝဒေသအတွင်းမှ တစ်ခုတည်းသော နောက်ဆုံးသိမ်းပိုက်ရန်ကျန်ရှိနေသေးသော “နှမဒါဗျူဟာ” မှ ဗျူဟာစခန်းကိုလည်း ယနေ့၊ ဇန်နဝါရီလ ၁၄ ရက်၊ မွန်းလွဲ ၃ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်ပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် ဇန်နဝါရီလ ၁၄ ရက်နေ့စ၍ ပလက်ဝဒေသ တစ်ခုလုံးမှာ “စစ်ကောင်စီလုံးဝကင်းစင်သောဒေသ” ဖြစ်လာခဲ့ပြီဖြစ်ကြောင်း AA က ကြေညာသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *