ဒီလိုပညာများများပေး စိတ်မှတ်ရှိရအောင်

ခရီးသွားပြည်သူတွေရဲ့ဆိုင်ကယ်ကို ဖမ်းဆီးငွေညှစ်နေတဲ့ရဲတွေ မိုင်းဆွဲခံရ

ဇန်နဝါရီ ၁၆

ပဲခူးတိုင်း၊ ကဝမြို့နယ်၊ သက္ကလမြို့ ဈေးကြီးရပ်ကွက်အရှေ့ပိုင်းရှိ မြို့အထွက်၌ ခရီးသွားပြည်သူများ၏ ဆိုင်ကယ်များကို ဖမ်းဆီးငွေညှစ်ရန် ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကဝပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။

ယမန်နေ့မနက် ၇နာရီ ၄၀မိနစ်ခန့်က သက္ကလမြို့အထွက်မှာ ငွေညှစ်နေတဲ့ ရဲတွေကို သပြေညိုစစ်ဆင်ရေးအဖြစ်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

“ရဲတွေကံကောင်းသွားတယ်။ သိပ်ကြီးကြီးမားမား မထိခိုက်သွားဘူးဗျ။ ကျနော်တို့သပြေညိုစစ်ဆင်ရေးအဖြစ်နဲ့ ၃ကြိမ်မြောက်တိုက်ခိုက်ခဲ့တာပါ။ ဒီစစ်ဆင်ရေး ၃ကြိမ်အတွင်းမှာ ရဲ၂ဦးအပြင်းအထန်ဒဏ်ရာရသွားပြီး ပျူခေါင်းဆောင်တယောက်သေဆုံးခဲ့ပါတယ်ဗျ”လို့ပကဖတာဝန်ရှိသူကပြောပါတယ်။

မိုင်းဆွဲခံရပြီးနောက်မှာ ရဲတွေပြန်လှည့်ပြေးသွားပြီး အင်အားဖြည့်ကာ မိုင်းကွဲတဲ့နေရာကို လာရောက်စစ်ဆေးခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။

“စစ်ဆင်ရေး(၃)မှာ ရန်သူထိခိုက်မှု မရှိခဲ့ပေမယ့် သပြေညိုမြို့ပြစစ်ဆင်‌ရေး‌တွေကို အရှိန်အဟုန်မြှင့်‌ ဖော်ဆောင်သွားမှာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ တော်လှန်ရေးသတိ တော်လှန်ရေးအသိနဲ့ နေထိုင်သွားလာကြဖို့ကို အဓိကမေတ္တာရပ်ခံချင်ပါတယ်”လို့ပကဖတာဝန်ရှိသူကပြောပါတယ်။

အလားတူ သပြေညိုစစ်ဆင်ရေး(၁)အဖြစ် ဒီဇင်ဘာ(၁၆)ရက်နေ့၌ အုန်းနှဲရဲစခန်းဂိတ်ပေါက်ရှေ့ မိုင်းခွဲတိုက်ခိုက်မှု၊ စစ်ဆင်ရေး (၂)အဖြစ် ဒီဇင်ဘာ (၂၆)ရက်နေ့၌ စစ်ကောင်စီ၏ အကြီးစားထောက်တိုင် သရက်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် ဘိုမြင့်အား ပစ်ခတ်ရှင်းလင်းမှုများကိုလည်း အောင်မြင်စွာ လှုပ်ရှားဆောင်ရွက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

ခရီးသြားျပည္သူေတြရဲ႕ဆိုင္ကယ္ကို ဖမ္းဆီးေငြညႇစ္ေနတဲ့ရဲေတြ မိုင္းဆြဲခံရ
ဇန္နဝါရီ ၁၆
ပဲခူးတိုင္း၊ ကဝၿမိဳ႕နယ္၊ သကၠလၿမိဳ႕ ေဈးႀကီးရပ္ကြက္အေရွ႕ပိုင္းရွိ ၿမိဳ႕အထြက္၌ ခရီးသြားျပည္သူမ်ား၏ ဆိုင္ကယ္မ်ားကို ဖမ္းဆီးေငြညႇစ္ရန္ ထြက္လာေသာ အၾကမ္းဖက္စစ္ေကာင္စီ၏ လက္ေအာက္ခံ ရဲတပ္ဖြဲ႕ဝင္မ်ားကို မိုင္းဆြဲတိုက္ခိုက္ခဲ့တယ္လို႔ ကဝပကဖတာဝန္ရွိသူတဦးက ေျပာပါတယ္။
ယမန္ေန႔မနက္ ၇နာရီ ၄၀မိနစ္ခန႔္က သကၠလၿမိဳ႕အထြက္မွာ ေငြညႇစ္ေနတဲ့ ရဲေတြကို သေျပညိဳစစ္ဆင္ေရးအျဖစ္နဲ႔ မိုင္းဆြဲတိုက္ခိုက္ခဲ့တာလို႔ဆိုပါတယ္။
“ရဲေတြကံေကာင္းသြားတယ္။ သိပ္ႀကီးႀကီးမားမား မထိခိုက္သြားဘူးဗ်။ က်ေနာ္တို႔သေျပညိဳစစ္ဆင္ေရးအျဖစ္နဲ႔ ၃ႀကိမ္ေျမာက္တိုက္ခိုက္ခဲ့တာပါ။ ဒီစစ္ဆင္ေရး ၃ႀကိမ္အတြင္းမွာ ရဲ၂ဦးအျပင္းအထန္ဒဏ္ရာရသြားၿပီး ပ်ဴေခါင္းေဆာင္တေယာက္ေသဆုံးခဲ့ပါတယ္ဗ်”လို႔ပကဖတာဝန္ရွိသူကေျပာပါတယ္။
မိုင္းဆြဲခံရၿပီးေနာက္မွာ ရဲေတြျပန္လွည့္ေျပးသြားၿပီး အင္အားျဖည့္ကာ မိုင္းကြဲတဲ့ေနရာကို လာေရာက္စစ္ေဆးခဲ့ေပမယ့္ ေတာ္လွန္ေရးရဲေဘာ္ေတြ ထိခိုက္မႈမရွိ ျပန္ဆုတ္ခြာႏိုင္ခဲ့တယ္လို႔သိရပါတယ္။
“စစ္ဆင္ေရး(၃)မွာ ရန္သူထိခိုက္မႈ မရွိခဲ့ေပမယ့္ သေျပညိဳၿမိဳ႕ျပစစ္ဆင္‌ေရး‌ေတြကို အရွိန္အဟုန္ျမႇင့္‌ ေဖာ္ေဆာင္သြားမွာ ျဖစ္တဲ့အတြက္ ျပည္သူေတြအေနနဲ႔ ေတာ္လွန္ေရးသတိ ေတာ္လွန္ေရးအသိနဲ႔ ေနထိုင္သြားလာၾကဖို႔ကို အဓိကေမတၱာရပ္ခံခ်င္ပါတယ္”လို႔ပကဖတာဝန္ရွိသူကေျပာပါတယ္။
အလားတူ သေျပညိဳစစ္ဆင္ေရး(၁)အျဖစ္ ဒီဇင္ဘာ(၁၆)ရက္ေန႔၌ အုန္းႏွဲရဲစခန္းဂိတ္ေပါက္ေရွ႕ မိုင္းခြဲတိုက္ခိုက္မႈ၊ စစ္ဆင္ေရး (၂)အျဖစ္ ဒီဇင္ဘာ (၂၆)ရက္ေန႔၌ စစ္ေကာင္စီ၏ အႀကီးစားေထာက္တိုင္ သရက္ကုန္းေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ပ်ဴေစာထီး ေခါင္းေဆာင္ ဘိုျမင့္အား ပစ္ခတ္ရွင္းလင္းမႈမ်ားကိုလည္း ေအာင္ျမင္စြာ လႈပ္ရွားေဆာင္႐ြက္ႏိုင္ခဲ့တယ္လို႔ဆိုပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *