ငပုတွက်မျက်ရည်နစ်စက်

ကျောက်တော် ကန်စောက်တောင်၊ ခမရ ၅၃၉ တပ်ရင်းမှ အရာရှိ၊ စစ်သားနှင့် မိသားစုဝင် ၃၀၀ ကျော် AA ထံ လက်နက်ချအညံ့ခံမှု နေပြည်တော် စစ်ရုံးက မသိရှိဘဲ အဆက် အသွယ် ပြတ်တောက်နေဟုဆို

ရန်ကုန်| ဇန်နဝါရီ ၁၆

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ကန်စောက်တောင်ခြေရင်းတွင် အခိုင်အမာ တပ်စွဲအခြေချထားသည့် ခမရ ၅၃၉ တပ်ရင်းမှ စစ်သားနှင့် မိသားစုဝင် ၃၀၀ ကျော် ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့တွင် ရက္ခိုင့်တပ်တော် AAထံ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း AA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နေပြည်တော်စစ်ရုံးချုပ်ကမူ ယနေ့ ကျောက်တော် ခမရ ၅၃၉ တပ်မှ အရာရှိ၊ စစ်သည်နှင့်မိသားစုဝင်များ လက်နက်ချ အညံ့ခံမှုကို ရခိုင် အခြေစိုက် သတင်း မီဒီယာများ၏ သတင်းဖော်ပြမှုကြောင့်သာ သိရှိထားပြီး လတ်တလော အဆက် အသွယ်ပြတ်တောက်နေသည်ဟုသာ အစီရင်ခံမှုရှိကြောင်း သိရှိရသည်။

ရန်ကုန်- စစ်တွေ ကားလမ်းနားဘေး ကန်စောက်တောင်ခြေရင်း၌ အခြေစိုက် ထားသည့် တပ်ရင်းတစ်ခု ဖြစ်ပြီး ကျောက်တော်မြို့နှင့်လည်း အနီးစပ်ဆုံး တပ်ရင်းတစ်ခု ဖြစ်ကြောင်း၊ လက်နက်ချရန် အကြိမ်ကြိမ် သတိပေးခဲ့သော် လည်း လက်နက် မချဘဲ AA က တပ်ဖွဲ့ဝင်များ ၀ိုင်းရံပိတ်ဆို့ တက်လုံးမှသာ လက်နက်ချ အညံ့ခံခြင်း ဖြစ်ကြောင်း သိရှိရသည်။

“လက်နက်ချဖို့ အကြိမ်ကြိမ်ပြောတာကို ဒီဘက်က တက်လုံးမှ အညံ့ခံတာ။ အမျိုးသမီးတွေ ကလေးတွေနဲ့ စစ်သည် အင်အား စုစုပေါင်း ၃၀၀ ကျော်ရှိ တယ်” ဟု AA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းပြသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *