လေဘဲတွေတစ်ကွက်ပြလိုက်ပြန်ပြီ

ဘီးလင်းမြို့နယ်၊ ဝင်းတာပန်စခန်းအတွင်း စစ်တပ်က ရဟတ်ယာဉ်ဖြင့် ချပေးသည့် ခဲယမ်းရိက္ခာထုပ် ၅ ထုပ် ကို KNLA ရဲဘော်များ သိမ်းပိုက်ရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၇

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်စခန်းအတွင်း အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်ဖြင့် ချပေးသည့် ခဲယမ်းရိက္ခာထုပ် ၅ ထုပ် ကို KNLA ရဲဘော်များ သိမ်းပိုက်ရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်ဖြင့် ဝင်းတာပန်စခန်း အတွင်းကို ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် ဆေးဝါးများပါသည့် အထုပ် ၁၂ ထုပ်ချပေးခဲ့ရာ KNLA/ KNDO နှင့် ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့ဝင်များက ယင်းနေ့ ညနေ ၄ နာရီခွဲခန့်တွင် အထုပ် ၃ ထုပ် သိမ်း ဆည်း ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် လေယာဥ်ပေါ်မှ ချပေးသည့် အထုပ် ၂ ထုပ်ကို ထပ်မံ သိမ်းဆည်းရရှိခဲ့ရာ စုစုပေါင်း အထုပ် ၅ ထုပ် သိမ်းဆည်း ရရှိခဲ့ခြင်းဖြစ်ကြောင်း KNU ဗဟို က ထုတ် ပြန် ထားသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၇

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *