အုပ်ကြီးပါ ခေါ်သွားတာမဟုတ်ဘူး အဖော်ရအောင်

ဒိုက်ဦးမြို့ အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ လက်ဖက်ရည်ဆိုင်တွင် ပစ်ခတ်ခံရပြီး ရာအိမ်မှူး ပွဲချင်းပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့ အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ လက်ဖက်ရည်ဆိုင်တွင် ပစ်ခတ်ခံရပြီး ရာအိမ်မှူး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဒိုက်ဦးမြို့၊ အမှတ် ၉ ရပ်ကွက်၊ ဒါးပိန်စုအပိုင်း လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ထိုင်နေသော ဒိုက်ဦးမြို့ အမှတ် ၉ ဖအောင်ဝဲ ရပ်ကွက်အုပ်ချုပ်ရေးမှူး ခင်ဝင်းနှင့် ရာအိမ်မှူး ခင်မောင်မြင့် တို့ကို မြို့ပြ UG အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရာအိမ်မှူး ခင်မောင်မြင့် ပွဲချင်းပြီးသေဆုံးပြီး အုပ်ချုပ်ရေးမှူး ခင်ဝင်းမှာ လက်မောင်းနှင့် လည်ပင်းတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒိုက်ဦးဆေးရုံမှ ပဲခူးဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ပစ်ခတ်ခံရသော အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့သည် အကြမ်းဖက် စစ်တပ်ကို အားပေးထောက်ခံ၍ ဆန္ဒပြ ပြည်သူများကို ဖမ်းဆီးစေခိုင်းသည့်အပြင် ဖမ်းဆီးရာတွင် ကိုယ်တိုင် ပါဝင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်သား၊ ရဲများနှင့် ပူးပေါင်း၍ လောင်းကစားဝိုင်းများကို လိုင်းကြေးကောက်၍ ပြုလုပ်သည့်အပြင် ၊ KTV နှင့် ပြည့်တန်ဆာအိမ်များမှလည်း လိုင်းကြေးများ ကောက်ခံပြီး ပညာရေးနှင့်ဆိုင်သော ရန်ပုံငွေများကိုလည်း အလွဲသုံးစားများ လုပ်ဆောင်ကြောင်း၊ တောင်သူများထံမှ စိုက်ဘဏ် ချေးငွေများ အတင်းအကြပ်တောင်းခြင်း၊ မီတာခများ အတင်းအကြပ်ကောက်ခံခြင်းတို့လည်း လုပ်ဆောင်သူများဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် အတွက် ပျူစောထီး၊ ပြည်သူ့စစ်များ ဖွဲ့စည်းရန် လူအင်အား စုဆောင်းပေးခြင်း၊ UG များကို ဖမ်းဆီးခြင်းများ စသည့် လုပ်ရပ်များကိုလည်း လုပ်ဆောင်ခဲ့သည့်အတွက် 9 Star UG အဖွဲ့ နှင့် DaikU DDF အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒိုက္ဦးၿမိဳ႕ အမွတ္ ၉ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးႏွင့္ ရာအိမ္မႉးတို႔ လက္ဖက္ရည္ဆိုင္တြင္ ပစ္ခတ္ခံရၿပီး ရာအိမ္မႉး ပြဲခ်င္းၿပီး ေသဆုံး
ရန္ကုန္၊ ဇန္နဝါရီ ၁၈
ပဲခူးတိုင္း၊ ဒိုက္ဦးၿမိဳ႕ အမွတ္ ၉ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးႏွင့္ ရာအိမ္မႉးတို႔ လက္ဖက္ရည္ဆိုင္တြင္ ပစ္ခတ္ခံရၿပီး ရာအိမ္မႉး ပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္း ေဒသျပည္သူမ်ားက ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္။
ဇန္နဝါရီလ ၁၈ ရက္ေန႔တြင္ ဒိုက္ဦးၿမိဳ႕၊ အမွတ္ ၉ ရပ္ကြက္၊ ဒါးပိန္စုအပိုင္း လက္ဖက္ရည္ဆိုင္တစ္ဆိုင္တြင္ ထိုင္ေနေသာ ဒိုက္ဦးၿမိဳ႕ အမွတ္ ၉ ဖေအာင္ဝဲ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ခင္ဝင္းႏွင့္ ရာအိမ္မႉး ခင္ေမာင္ျမင့္ တို႔ကို ၿမိဳ႕ျပ UG အဖြဲ႕က ပစ္ခတ္ တိုက္ခိုက္ခဲ့ရာ ရာအိမ္မႉး ခင္ေမာင္ျမင့္ ပြဲခ်င္းၿပီးေသဆုံးၿပီး အုပ္ခ်ဳပ္ေရးမႉး ခင္ဝင္းမွာ လက္ေမာင္းႏွင့္ လည္ပင္းတို႔တြင္ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ဒိုက္ဦးေဆး႐ုံမွ ပဲခူးေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။
ပစ္ခတ္ခံရေသာ အမွတ္ ၉ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးႏွင့္ ရာအိမ္မႉးတို႔သည္ အၾကမ္းဖက္ စစ္တပ္ကို အားေပးေထာက္ခံ၍ ဆႏၵျပ ျပည္သူမ်ားကို ဖမ္းဆီးေစခိုင္းသည့္အျပင္ ဖမ္းဆီးရာတြင္ ကိုယ္တိုင္ ပါဝင္ခဲ့ေၾကာင္း၊ အၾကမ္းဖက္ စစ္သား၊ ရဲမ်ားႏွင့္ ပူးေပါင္း၍ ေလာင္းကစားဝိုင္းမ်ားကို လိုင္းေၾကးေကာက္၍ ျပဳလုပ္သည့္အျပင္ ၊ KTV ႏွင့္ ျပည့္တန္ဆာအိမ္မ်ားမွလည္း လိုင္းေၾကးမ်ား ေကာက္ခံၿပီး ပညာေရးႏွင့္ဆိုင္ေသာ ရန္ပုံေငြမ်ားကိုလည္း အလြဲသုံးစားမ်ား လုပ္ေဆာင္ေၾကာင္း၊ ေတာင္သူမ်ားထံမွ စိုက္ဘဏ္ ေခ်းေငြမ်ား အတင္းအၾကပ္ေတာင္းျခင္း၊ မီတာခမ်ား အတင္းအၾကပ္ေကာက္ခံျခင္းတို႔လည္း လုပ္ေဆာင္သူမ်ားျဖစ္ေၾကာင္း ေဒသျပည္သူမ်ားက ေျပာဆိုသည္။
ထို႔ျပင္ အၾကမ္းဖက္ စစ္တပ္ အတြက္ ပ်ဴေစာထီး၊ ျပည္သူ႔စစ္မ်ား ဖြဲ႕စည္းရန္ လူအင္အား စုေဆာင္းေပးျခင္း၊ UG မ်ားကို ဖမ္းဆီးျခင္းမ်ား စသည့္ လုပ္ရပ္မ်ားကိုလည္း လုပ္ေဆာင္ခဲ့သည့္အတြက္ 9 Star UG အဖြဲ႕ ႏွင့္ DaikU DDF အဖြဲ႕က ပစ္ခတ္ တိုက္ခိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *