မအလမှတပ်ချုပ်ရာထူးကိုလက်ဖက်ခြောက်အားလွှဲပေးရန် မဘသပေါက်ကိုယ်တော်ပြောဆို (ရုပ်သံ)

မင်းအောင်လှိုင်အနေဖြင့် တပ်ချုပ်ရာထူးမှ အနားယူပြီး စိုးဝင်းကို တပ်ချုပ်ရာထူး လွှဲပေးရန် မဘသ ၊ အမျိုးသားရေး အစွန်းရောက် ပေါက်ကိုယ်တော်ပြောဆို (ရုပ်သံ)

ဇန်နဝါရီလ ၁၈

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် တပ်ချုပ်ရာထူးမှ အနားယူပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းကို တပ်ချုပ်ရာထူး လွှဲပေးရန် မဘသ၊ အမျိုးသားရေး အစွန်းရောက် ပေါက်ကိုယ်တော်က ပြောဆိုခဲ့သည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ ပြင်ဦးလွင် ပြုလုပ်ခဲ့သော စစ်တပ်ထောက်ခံပွဲတွင် မဘသနှင့် အမျိုးသားရေး အစွန်းရောက် ပေါက်ကိုယ်တော်က ထိုသို့ ပြောဆိုသွားခြင်းဖြစ်သည်။

“အရပ်ဘက်လည်း ကြည့်ရတယ်။ စစ်ရေးဘက်လည်း ကြည့်ရတယ်။ အရမ်းသနား စရာကောင်းတယ်။ ဘုရားဒကာကြီးကို ပြောချင်တာ။ ဘုရားဒကာကြီးရဲ့မျက်နှာက ကြည့်လိုက်ရင် အရမ်း ကျက်သရေရှိတာ။ အမြဲတမ်း ပြုံးရွှင်နေတာ။ အရပ်ဘက်နဲ့ အရမ်းလိုက်ဖက်တယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရပ်ဘက်နဲ့ လိုက်ဖက်တယ်။ အရမ်းလည်း ကြည့်လို့ကောင်းမယ်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အရပ်ဘက် ဝန်ကြီးဌာန ၂ နေရာတည်းပေးလိုက်ရင် မကောင်းဘူးလား။ တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ် နေရာကို ဒုချုပ် ဗိုလ်ချုပ်စိုးဝင်းရှိတယ်လေ။ မျက်နှာ အနေအထားကို ကြည့်လိုက်။ စစ်သား မပီသဘူးလား။ လုပ်ပုံကိုင်ပုံကိုကြည့်လိုက်။ မကြိုက်ဘူးလား။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဒုချုပ်ကိုပေးလိုက်။ အရပ်ဘက် ဝန်ကြီးချုပ်ရာထူးကို ဘုရား ဒကာကြီး ကိုပေးလိုက်” ဟု မဘသနှင့်အမျိုးသားရေးအစွန်းရောက် ပေါက်ကိုယ်တော်က ပြောဆိုသည်။

.

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *