ဒီလောက်တောင်ဆိုတော့ငပုမငိုပဲမနေနိုင်လောက်တော့ဘူး ဆိုးဆက်ပါ

ပလက်၀မြို့နယ်၊ စစ်ကောင်စီ၏ ခလရ ၂၈၉ နှင့် စကခ ၁၉ တို့မှ သိမ်း ဆည်း ရရှိသော တင့်ကားများ၊ အမြောက်များ၊ လက်နက်ခဲယမ်းများကို AA က ထုတ် ပြရန်ကုန်၊ ဇန်နဝါရီ ၁၈ ချင်းပြည်နယ်၊ ပလက်ဝဒေသအခြေစိုက် အကြမ်းဖက် စစ်ကောင်စီ တပ် ၏ ရှေ့တန်းတပ်မဌာနချုပ်ဖြစ်သော ခလရ ၂၈၉ ၊ စကခ ၁၉ တို့ကို ရက္ခိုင့် တပ် တော် AAက အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက် နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို AA က ယနေ့ ထုတ်ပြ လိုက်သည်။ပလက်ဝဒေသရှိ စစ်ကောင်စီ တပ်စခန်းများ၊ ဗျူဟာကုန်းများ၊ ဌာနချုပ်များ နှစ်ပေါင်းများစွာ အထိုင်ချတပ်စွဲထားသော မြို့သိမ်းတိုက်ပွဲမှာ အသာတကြည် ရရှိခဲ့သော တိုက်ပွဲမဟုတ်ဟု ရက္ခိုင့်တပ်တော် AA က ဇန်နဝါရီလ ၁၄ ရက်နေ့ တွင် သတင်း ထုတ်ပြန်ခဲ့သည်။ ပလက်ဝမြို့အပါအဝင် ပလက်ဝဒေသတစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က အလုံး စုံ သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်သော်လည်း ကစဉ့်ကလျား ထွက် ပြေးနေသည့် စစ်ကောင်စီတပ်သားများရှိနေသေး၍ ပြည်သူလူထုများ အနေ ဖြင့် အသွားအလာ အထူးသတိထားကြရန်နှင့် ထွက်ပြေးနေသော စစ်ကောင်စီ တပ်သားများကို တစ်ယောက်မကျန် လိုက်လံရှင်းလင်းနေကြောင်း AA အသိပေးထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *