ချစ်သူမွှင်းခါး မကြာမီလာမည်

စကစထံမှ ခွဲထွက်မည်ဟု သတင်းထွက်ပြီးနောက် BGF ခေါင်းဆောင် စောချစ်သူ ကို ဗိုလ်မှူးချူပ် ရာထူးတိုးပေးပြီး တစ်ခါမှ မရှိဖူးသည့် “ဒေသဆိုင်ရာ စစ်ဆင်ရေး ကွပ်ကဲရေးမှူး (ဒ.စ.က မှူး) ” အဖြစ် ခန့်အပ်ဇန်နဝါရီလ ၂၄စစ်ကောင်စီလက်အောက်မှ ခွဲထွက်မည်ဟု သတင်းထွက်ပေါ်နေသည့် BGF တပ်ဖွဲ့ကို စစ်ကောင်စီဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မြဝတီအထိသွားရောက်တွေ့ဆုံပြီးနောက် တစ်ခါမှ မရှိဖူးသည့် စစ်ရေးရာထူးတစ်ခု ပေးအပ်လိုက်ကြောင်း သိရသည်။ယမန်နေ့မနက်တွင် ဒုချုပ် စိုးဝင်းက ကရင်ပြည်နယ်အထိသွားရောက်ကာ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ကို သွားရောက်တွေ့ဆုံပြီးနောက် ဗိုလ်မှူးချူပ် ရာထူးတိုးပေးပြီး “ဒေသဆိုင်ရာ စစ်ဆင်ရေး ကွပ်ကဲရေးမှူး (ဒ.စ.က မှူး) ” အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီထံမှ သိရသည်။စကစတပ်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒ.က.စ) ဟူသော ရာထူးသာရှိပြီး ယခုကဲ့သို့ ဒေသဆိုင်ရာ စစ်ဆင်ရေး ကွပ်ကဲရေးမှူး (ဒ.စ.က မှူး) ရာထူးကို မကြားဖူးကြောင်း စစ်ကောင်စီတပ်တွင်း က ဆိုကြသည်။BGF ကို ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ကွပ်ကဲရေးဌာနက စကစ ဗိုလ်ချုပ်တစ်ဦးနှင့် ဗိုလ်မှူးချုပ်တစ်ဦးတို့က အဓိက ကိုင်တွယ်ရာ ယခု ဗိုလ်မှူးကြီး စောချစ်သူ သည် ကွပ်ကဲရေးဌာန၏ ဒုခေါင်းဆောင်နှင့် ဗိုလ်မှူးချုပ်အဆင့် တူပြီဖြစ်သည်။ယင်းအပြင် ဗိုလ်မှူးကြီး စောချစ်သူ သည် နယ်ခြားစောင့်တပ်များနှင့် ပြည်သူ့စစ်များ အကြားတွင် စစ်ကောင်စီကပေးသော အမြင့်ဆုံးရာထူးကို ရရှိထားသူဖြစ်သွားပြီဟု သိရသည်။ပြီးခဲ့သည့် လကုန်ကတည်းက BGF သည် စစ်ကောင်စီထံမှ လစာမယူတော့ဘဲ နေပြီးနောက် စကစထံမှ ခွဲထွက်၍ တသီးတခြားနေတော့မည်ဟု ထိုင်းသတင်းတစ်ပုဒ်က ဖော်ပြလာခြင်းဖြစ်သည်။ယင်းနောက် ဒုချုပ်စိုးဝင်း ကရင်ပြည်နယ်သို့ သွား၍ BGF နှင့်တွေ့ဆုံ ညှိနှိုင်းကာ ယခုကဲ့သို့ ရာထူးတိုးပေးခြင်းများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။စကစနှင့် BGF တို့ ညှိနှိုင်းသဘောတူညီချက်များကိုတော့ မသိရသေးပေ။စကစနှင့်ထိုင်းပေါင်း၍ မြန်မာ-ထိုင်းနယ်စပ်ရှိ လောင်းကစားများကို နှိမ်နင်းမည်ဟု သဘောတူပြီးနောက် BGF ခွဲထွက်မည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ပုံစာ- BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ (ယခု ဗိုလ်မှူးချုပ်)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *