နန်းနန်းတို့ပြေးကြပြန်ဘီ ပြေးနိုင်မှလွတ်မယ်

ဆီဆိုင်မြို့တွင် ကျောင်းများ၊ ဘဏ်များ၊ ဈေးများပိတ်ပြီး စစ်ကောင်စီဝန်ထမ်းတွေ နီးစပ်ရာမြို့များသို့ ထွက်ပြေးသွားကြဇန်နဝါရီ ၂၄ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင် ကျောင်းများ ၊ ဘဏ်များ ပိတ်ပြီးနောက် ဝန်ထမ်းမိသားစုများနီးစပ်ရာ မြို့များသို့ ပြောင်းရွှေ့နေတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။`ဘဏ်က မနေ့ထဲက ပိတ်တာ၊ ပင်စင်သွားထုတ်တော့ သော့ခတ်ပိတ်ထားတာ၊ မေးကြည့်တော့ ဘယ်တော့ ပြန်ဖွင့်မယ်ဆိုတာ မသိဘူးတဲ့၊ ကျောင်းကတော့ ဒီမနက်မှ ကျောင်းသားတွေပြန်လွှတ်တာ၊ ဘုရားဖြူကျောင်းတော့ သေချာမသိဘူး၊ လျှပ်စစ်၊ မြေစာရင်းဝန်ထမ်းအချို့နဲ့ မိသားစုတွေလည်း ညကရော ဒီမနက်ရော တောင်ကြီး၊ ဟိုပုံးဖက်ကိုရွှေ့နေကြပြီ၊ စကစ စခန်းတွေလဲ ဘယ်သူမှ မရှိတော့ဘူး၊ စကစတံဆိပ်၊ ပြည်သူ့စစ်တံဆိပ်၊ PNO၊ PNLA ၊ ရဲ ဘာတံဆိပ်မှ မတွေ့ရတော့ဘူး၊ လူထုက ခုမှ လွတ်လပ်ရေးရနေကြတာ၊ တော်လှန်ရေးတပ်တွေ နှစ်မိုင်အတွင်းရောက်နေပြီလို့လည်းကြားတယ်၊ စစ်ဘေးရှောင်တွေကတော့ ဟိုခဲ ဘောလုံးကွင်း ထဲမှာ `လို့ ယင်းဒေသခံက ပြောပါတယ်။`ဆီဆိုင်နဲ့နောင်ထောဝ်က ၁၄ မိုင်ပဲဝေးတာ၊ ဆိုင်ကယ်နဲ့ဆို နာရီဝက်ပဲလေ၊ ဟိုနေ့က ဗုံးကျတာ ကယန်းရပ်ကွက်ဖက် လွိုင်ကော်စစ်ရှောင် အမျိုးသားတစ်ဦး သေတယ်၊ အမွှာကလေး နှစ်ယောက်နဲ့ မိန်းမပဲကျန်ခဲ့တယ်၊ လွိုင်ကော်စစ်ရှောင်တွေလဲ ဒီမှာရောက်လာကြတယ်၊ အင်အားတော့ ငါးရာလောက်ရှိမယ်ထင်တယ်၊ မနေ့က ဟိုပုံးနဲ့ နမ့်ခုတ်ကြား ဒီဖက်လာတဲ့ စကစ အမြောက်တပ်ကို ဒရုန်းနဲ့ချတယ်လို့ကြားတယ်`လို့ သူကဆိုပါတယ်။တော်လှန်ရေးတပ်များ ဆီဆိုင်ကနေ နှစ်မိုင်အကွာ ပုံလောင်းရွာကို ရောက်ရှိနေသဖြင့် မင်းလမ်းတစ်လျှောက်အိမ်များ တံခါးများပိတ်ထားပြီး ဈေးတစ်ခုလုံးလည်း ပိတ်သိမ်းသွားပြီဖြစ်တယ် လို့ သူကြားသိထားသမျှ သတင်းကို ပြောပြပါတယ်။လေယာဉ်နဲ့ဗုံးကြဲတာ၊ တိုက်ပွဲအတွင်း ကြားညပ်မှာ စိုးတာကြောင့် ဗန်းမက်၊ ဘုရားကုန်း၊ မဲဟဲ၊ ညောင်ဖြူ ရွာဒေသခံများဟာ အနီးအနားမြို့များ၊ တောတောင်များထဲသို့ ကြိုတင်စစ်ဘေးရှောင်နေကြတယ်လို့ လဲ သိရပါတယ်။ဆီဆိုင်မြို့နယ် နောင်ထောဝ်ရှိ စခန်းများတွင် PNLA က ဝင်ရောက်ယူထားသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မဲခေါင်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပါ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *