ရေးဘီးလူးတို့ကတော့လမ်းမပေါ် ဘွင်းဘွင်းကြီးဆော်တာနော်(ရုပ်သံ)

ရေးမြို့နယ်၊ လင်းဦး စစ်တပ် စစ်ဆေးရေးဂိတ်မှ စစ်သား ၃ ဦး လိုက်ပါလာ သော ကားကို အသင့်စောင့်ကြို တိုက်ခိုက်မှု ၃ ဦးလုံးသေဆုံးပြီး လက်နက် ၃ လက် သိမ်းပိုက်ရရှိ (ရုပ်သံ)

ဇန်နဝါရီ ၂၄

မွန်ပြည်နယ်၊ ရေးမြို့နယ် လင်းဦး စစ်တပ် စစ်ဆေးရေးဂိတ်မှ စစ်သား ၃ ဦး လိုက်ပါလာသော ကားကို လမ်းတွင် အသင့်ကြိုစောင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး လက်နက် ၃ လက်သိမ်းပိုက်ရရှိခဲ့ကြောင်း ရေးဘီးလူး အဖွဲ့ ခေါင်းဆောင်က ပြောဆိုသည်။

ဇန်နဝါရီ ၂၄ ရက်နေ့ နံနက် ၇ နာရီကျော်အချိန် ကားလမ်းတစ်နေရာတွင် အသင့် စောင့်ကြို၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး လက်နက်ငယ် ၂ လက်အပြင် လက်နက်ကြီး တစ်လက်သိမ်းပိုက်ရရှိခဲ့ကြောင်း ရေးဘီးလူးအဖွဲ့ ခေါင်းဆောင် က ရှင်းပြသည်။

“စစ်ဆေးရေး ဂိတ်ရဲ့ဦးဆောင်သူ ဂိတ်မှူး စိုးသူအပါအဝင် တပ်သား ၃ ဦးကို ကျနော်တို့ ရေးဘီလူးအဖွဲ့က စောင့်ပစ်တယ်။ သူတို့ပါ လာတဲ့ ကားကို စောင့် ပစ်တယ်။ လက်နက် ၃ လက်ရတယ်။ လက်နက်ကြီး 79 တစ်လက်ပါတယ်။ လက်နက်ငယ်က AK ၂ လက်ရတယ်”ဟု ရေးဘီးလူးအဖွဲ့ ခေါင်းဆောင်က ပြောကြားသည်။

.

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *