အုပ်ကြီးတစ်ကောင် ဂွိ ပျူတစ်ကောင် ဂန့်😂😂😂😂

စလင်းမြို့နယ်၊ ခင်ပလူရွာ အုပ်ချုပ်ရေးမှူး ၁ ဦးကို တော်လှန် ရေး ရဲဘော်များက ဖမ်းဆီး၊ ညောင်ဦးမြို့နယ် လက်ထုတ်ရွာရှိ စစ်တပ် အတွက် အလုပ်လုပ်နေသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၆

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ခင်ပလူရွာတွင် ၊စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နှင့် ပျူစောထီးခေါင်းဆောင် ဦးလှမျိုးဝင်း (ခ) မောင်ဝင်းကို ဖမ်းဆီးထားကြောင်း Special Ranger Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြာားသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့က စလင်းမြို့နယ်၊ ခင်ပလူရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် လှမျိုးဝင်း(ခ)မောင်ဝင်းကို နေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ထိုသို့ ဖမ်း ဆီးစဉ် ၎င်း၏ ပျူစောထီးနောက်လိုက်များမှ ဝိုင်းဝန်းတိုက်ခိုက်လာသဖြင့် အပြန်အလှန် ပစ်ခတ် တိုက်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးမှုကို မင်းဘူးခရိုင်၊အမှတ် ၆ တပ်ရင်း ၊ တပ်ခွဲ ၃ – Special Ranger Force-SRF ၊ တပ်ခွဲ-၂-SLPDF နှင့် ဒေါင်းညီနောင် မြို့ပြပျောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ ဖမ်း ဆီးခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“သူ့နေအိမ်ထဲအထိ ဝင်ရောက် ဖမ်းဆီးခဲ့တာပါ၊ ဖမ်းဆီးတဲ့အချိန်မှာ သူ့နောက်လိုက်ပျူတွေက ရဲဘော်တွေကို ဝိုင်းလာလို့ ပစ်ခတ်မှုဖြစ်တာပါ၊ သူက အဲနားဘက်က ရွာတွေမှာ ပျူလူသစ် စုနေ တာတယ်၊ အခုတော့ သူတို့ကို အခြားပျူတွေအကြောင်း မေးမြန်းနေပါတယ်” ဟု Special Ranger Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြာားသည်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် လှမျိုးဝင်း (ခ)မောင်ဝင်းသည် ကျေးရွာ နေပြည်သူ များကို မတရားဖိနှိမ်အနိုင်ကျင့်ခြင်း၊ တော်လှန်ရေးရဲဘော်များကို စစ်ကောင်စီထံ သတင်းပေးကာ စစ်သတင်းအဖြစ် ဆောင်ရွက်နေခြင်း၊ စစ်ကောင်စီထောက်တိုင် ပြည်သူ့စစ် လုပ်ဆောင်ရန် လူသစ် စု ဆောင်းရေး တာဝန်ခံအဖြစ်ဆောင်ရွက်နေခြင်း တို့ကြောင့် ဖမ်းဆီးအရေးယူခဲ့ရခြင်းဖြစ်ကြောင်း Special Ranger Force တပ်ဖွဲ့မှ ပြောဆိုသည်။

ဖမ်းဆီးရရှိသော ပျူစောထီးခေါင်းဆောင်လှမျိုးဝင်း(ခ) မောင်ဝင်းအား မင်းဘူးခရိုင်၊ အမှတ် ၆ တပ် ရင်းက လိုအပ်သည်များကို စစ်ဆေးမေးမြန်းနေကြောင်း ၊ မင်းခရိုင်အတွင်းရှိ ပျူစောထီးများ၊ စစ် ကောင်စီတပ်သားနှင့် ရဲသားများအနေဖြင့် ပြည်သူ့ရင်ခွင်အမြန်ခိုလှုံကြရန် တိုက်တွန်းပါကြောင်း Special Ranger Force တပ်ဖွဲ့မှ ထုတ်ပြန်ထား သည်။

ထို့ပြင် မန္တလေးတိုင်း ညောင်ဦးမြို့နယ် လက်ထုတ်ရွာတွင် အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်နေသော သန်းနိုင် ဆိုသူ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီ ၂၅ ရက်နေ့ ည ၉ နာရီခန့်တွင် အမည်မသိ သေနတ် သမားများက ကား ၂ စီးဖြင့် ဝင်လာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း၊ သေဆုံးသူ သန်းနိုင်သည် ရွာစဉ်လှည့်လည်၍ အ သေးစိတ် သတင်းစုဆောင်းကာ အကြမ်း ဖက် စစ်တပ်ထံသို့ ပေးပို့နေသူဖြစ်ပြီး ၎င်းကြောင့် ပြည်သူ အများအပြား ဒုက္ခရောက်ခဲ့ရကြောင်း သိရှိရသည်။

“ည ၉ နာရီလောက်ဖြစ်တာ။ ညတွင်းချင်း ဘယ်သူမှ မကြည့်ရဲဘူး။ ရဲတွေက အရင်ကဆို တခြား အိမ်တွေပါ မေးတာ ။ ဒီတစ်ခါတော့ အဲဒီအိမ်တစ်အိမ်ပဲ ဝင်ပြီး နောက်နေ့မနက်ကျမှ အလောင်း ကောက် ဆေးရုံပို့ပြီး ဆေးရုံက အလောင်းကို ယူခိုင်းတယ်။ သူက အတော်ဆိုးတာ သူ့ကြောင့် မိသား စု တွေ အတော်များများ အဖမ်းခံရ စစ်ကြောရေး ရောက်ကုန်ကြတယ်။ CDM တွေလည်း ရှောင်နေ ရတယ်။ သူက အတော်ဆိုးဝါးတယ်၊ သူ့ကြောင့် ဒုက္ခရောက်တဲ့လူတွေ အများကြီးရှိတယ်။ ခုတော့ ဘာပဲ ပြောပြောရှင်းခံလိုက်ရတော့ ကျေနပ်တယ်။ သူက အတော်ဆိုးဆိုးဝါးဝါး။ ဘယ်အဖွဲ့က ရှင်းလဲ တော့ မသိဘူး”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြေဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *