မိုးမိတ်မွှင်းခါးပွဲ၅၀ပွဲကြီးတောင်ပါသေးတယ်

မိုးမိတ်တိုက်ပွဲ စစ်ကောင်စီတပ်အရာရှိအပါအဝင် ၅၀ ဦးထက်မနည်းသေဆုံးနန်းနောင့်နောင့်/People’s Spring မိုးမိတ်တိုက်ပွဲတွင်စစ်ကောင်စီတပ် ဘက်မှအရာရှိအချို့အပါအဝင် ၅၀ ဦးထက်မနည်းသေဆုံးပြီး စစ်ကောင်စီ၏လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့်အရပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။ရှမ်းပြည်နယ်မြောက်ပိုင်း ၊မိုးမိတ်မြို့မှ ရဲစခန်းနှင့် စစ်ကောင်စီစခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDF၊ PDFများနှင့်မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) တို့က ဇန်နဝါရီလ ဇန်နဝါရီလ ၁၈ရက်နံနက်မှစ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။”တိုက်ပွဲထဲမှာစစ်တပ်ဘက်ကသေတာ ၅၀ မကဘူး။ အလောင်း ၄၀ ကျော်ကို ကျတော့် မျက်စိနဲ့ မြင်ခဲ့ရတာ” ဟု မိုးမိတ်မြို့ဒေသခံတစ်ဦးကပြောသည်။သေဆုံးခဲ့သည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲတွင် မိုးမိတ်မြို့မှ ခလရ(၂၇၆) တပ်ရင်းမှူး ဗိုလ်မှူးထူးသက်ပိုင်လည်း ပါဝင်ကြောင်း စုံစမ်းသိရှိရသည်။ ဗိုလ်မှူးထူးသက်ပိုင်၏ နာရေးကို ဇန်နဝါရီလ ၂၄ ရက်တွင် ၎င်း၏ ဇာတိဖြစ်သော ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဘန်းယာဉ်မြို့နေအိမ်၌ ပြုလုပ်ခဲ့သည်။တိုက်ပွဲအတွင်း​တော်လှန်​ရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့​ကြောင်းလည်းသိရသည်။ ထိုအပြင်ဒေသခံ ၁၅ဦးသည် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်ဟု ​ဒေသခံအချို့က​ပြောသည်။”ဇန်နဝါရီလ ၁၈ရက်ညနေ ၃နာရီလောက်က စစ်ရှောင်ဖို့ မိသားစုလိုက် လိုက်လာတဲ့ကား လေယာဉ်ဗုံးကျပြီး အကုန်သေဆုံးခဲ့တယ်။ စစ်ရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းတွေကိုလည်း လေကြောင်းကနေပစ်တယ်။ အရပ်သားသေဆုံးမှုက ၁၅ဦး မကဘူး ရှိခဲ့တယ်”ဟုဒေသခံတဦးကပြောသည်။တိုက်ပွဲအတွင်းစစ်ကောင်စီ၏ အာသံကျေးရွာဂိတ်စခန်း၊ ရွှေဇာလီဂိတ်စခန်းနှင့် ရဲစခန်းတို့ကို KIA ဦး​ဆောင်​​သောပူးပေါင်းတပ်များက သိမ်းယူထားပြီး လတ်တလောတွင် စစ်တပ်သည် မြို့တောင်ပိုင်းရှိ စစ်တပ်ဗျူဟာကုန်း၌ တပ်စွဲထားကြောင်းသိရသည်။ ဇန်နဝါရီလ ၂၄ရက်မှစ၍ ပစ်ခတ်သံများမကြားရဘဲ တိုက်ပွဲအခြေအနေငြိမ်သက်နေကြောင်းဒေသခံများကပြောသည်။(​ရှေ့တန်းတစ်​နေရာမှ KIA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KIA)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *