🔯🔯🔯🔯🔯တွေ ကြွေပေးရပြန်ဘီ

ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာရှိ ပျူစောထီးစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၂၅ ဦး သေဆုံးပြီး သေနတ် ၈ လက် သိမ်းဆည်းရရှိရန်ကုန်၊ ဇန်နဝါရီ ၂၆ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာရှိ ပျူစောထီး အထိုင်စခန်းကို တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၅ ဦးသေဆုံး သေနတ် ၈ လက် သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာရှိ ပျူစောထီးအထိုင်စခန်း ကို NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ)နှင့် ခရိုင် PDF တပ်ရင်းတို့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ် ကောင်စီတပ်သား၊ ပျူစောထီး ၂၅ ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ယင်းစခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများထံမှ သေနတ် ၈ လက်၊ ကျည်ဆံ များ၊ Jumper စက် ၂ လုံး၊ ဖုန်းနှင့် ကျည်ဘောက်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် တပ်ရင်း ၄၊ ရွှေဘိုခရိုင် တပ်ရင်း ၂၅ ၊ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားတပ်ဖွဲ့၊ ကန့်ဘလူမြို့နယ် ပကဖ တပ်ဖွဲ့နှင့် ဒေသခံပကဖများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး PDF ရဲဘော် ၄ ဦး ၊ ပကဖ ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *