အညာသားတွေကလက်လုပ်လေးနဲ့လည်းဆော်တာပဲ(ရုပ်သံ)

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းအတွင်းကို လက်လုပ်ဒုံးတွေနဲ့ ပစ်ခတ်ပြီး Fixed Wings Droneတွေနဲ့ Air Bomb တွေ ကြဲချတိုက်ခိုက် (ရုပ်/သံ)

++++++++++++++++++++++

ဇန်နဝါရီ ၂၈ ရက်

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းအတွင်းကို လက်လုပ်ဒုံးတွေနဲ့ ပစ်ခတ်ပြီး “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneများနဲ့ Air Bomb တွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaung Special People Defence Force_MSPDFမှ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီခန့် ၁၀ နာရီအထိ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းအတွင်းကို လက်လုပ်ဒုံး ၁၅ လုံး ပစ်ခတ်တိုက်ခိုက်ပြီး Fixed Wings Droneများနဲ့ Air Bomb ၁၀ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေရဲ့ ထိခိုက်မှုကို စုံစမ်းနေပြီး အတိအကျမသိရသေးဘူး လို့ သိရပါတယ်။

အထက်စစ်ဆင်ရေးကို မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်း-NRDF၊ မိတ္ထီလာခရိုင်အမှတ်(၃)တပ်ရင်း၊

ချောက် PDF၊ မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း-တပ်ခွဲ(၂)၊ Justice Waerrior Forces၊ ကလေးခရိုင်အမှတ်(၁၁)တပ်ရင်းနဲ့ ရွှေဘိုတိုက်နယ်၁ ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *