အကောင်ကြီးတွေပဲအမုန်းကြိတ်ခဲ့တဲ့မုန်းမြို့

မုန်းမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၇၀ကျော်သေဟု KNLA ဌာနချုပ် ထုတ်ပြန်

▪︎သေဆုံးသူများတွင် ရဲနှင့်အင်ဂျင်နီယာတပ်ဖွဲ့ဝင်အများဆုံးပါဟု အသိပေး

ဇန်နဝါရီ ၂၈

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်းမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်အများအပြားရှိခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်

ရေးတပ်မတော်(KNLA) ဗဟိုဌာနချုပ်က ယနေ့ထုတ်ပြန်

သည်။

KNLA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း(၈) နယ်မြေ မုန်းမြို့နယ် အကြပ်အင်းရွာသို့စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို ဇန်နဝါရီ ၂၂ရက်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။ အဆိုပါတိုက်ခိုက်မှုကို KNLA ဦးဆောင်သည့် ရိုးမ ပူးပေါင်းစစ်ကြောင်းက ဆောင်ရွက်ခဲ့ဟု ဆိုသည်။

မနက် ၅နာရီခွဲမှစတင်ခဲ့ပြီး ၁၂နာရီ ကြာမြင့်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၇၂ဦးသေဆုံးကာ ၇၈ ဦး ဒဏ်ရာရခဲ့ဟု KNLAက ထုတ်ပြန်သည်။ စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

တိုက်ပွဲနှင့်ပတ်သတ်၍ KNLA နှင့် ​ပူး​ပေါင်းစစ်​ကြောင်းမှတာဝန်ရှိသူများကို People’s Spring က ဆက်သွယ်​မေးမြန်းရန် ​ကြိုးစား​နေဆဲဖြစ်ပါသည်။

ထို့ပြင် သေဆုံးသွားသောစစ်ကောင်စီတပ်ဖွဲ့ဝင် ၇၂ဦးတွင် အင်ဂျင်နီယာတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များအများဆုံးပါဝင်ကြောင်းလည်း ဖော်ပြသည်။

တိုက်ပွဲအတွင်းလက်နက်ခဲယမ်းရရှိမှု ရှိမရှိအခြေအနေကို ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။

မုန်းဒေသကို KNLA ပူးပေါင်းတပ်များက ၂၀၂၃ ဒီဇင်ဘာလအတွင်းက ထိုးစစ်ဆင်ခဲ့ရာ မုန်းမြို့ပေါ်ရှိ တပ်ရင်းဌာနချုပ်နှင့် တပ်စခန်းနေရာများကိုသိမ်းပိုက်နိုင်ခဲ့ပြီး ဒုတပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော် အရှင်ဖမ်းမိကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့သည်ဟု KNUက အသိပေးထားသည်။

ညောင်လေးပင်ခရိုင် အပါအဝင် KNU နယ်မြေများ၌

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း ၁သောင်းကျော် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့ကြောင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ၂၀၂၃ နှစ်ကုန်ပိုင်း၌ အသိပေး ပြောကြားထားသည်။

“ဒီနေ့ တိုက်ပွဲဟာ အဖြူအမဲ သဲသဲကွကြွဲ ဖြစ်ပေါ်လာနေပါပြီ။ ဒီစစ်အုပ်စုရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ လူတွေဟာ မနှေးနဲ့ အမြန် ကျနော်တို့ရဲ့ လက်ချက်နဲ့ပဲဆုံးရှုံးမှု တစ်ရပ်ကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် မို့ ကျနော်တို့ဟာ ဒီလိုမျိုး ကျနော်တို့ တိုင်းပြည်မှာ ရှိနေတဲ့ လူသားအချင်းချင်း ကျနော်တို့ ညီအကို အချင်းချင်းတွေ ဒီလိုဖြစ်တယ်ဆိုတာ ကျနော်တို့ မမြင်ချင်ပါဘူး။ အဲဒါကြောင့်မို့လို့ အချိန်မနှောင်းခင်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ဆုံးဖြတ်ချက် ချလိုက်ပြီးတဲ့နောက် ကျနော်တို့နဲ့အတူ လက်တွဲပူးပေါင်းပြီး ဘက်ပြောင်းလာပါလို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်” ဟု ပဒိုစောတောနီးက ပြောကြားထားသည်။

(တိုက်ပွဲဖြစ်ပွားရာ​မြေပုံနှင့် ၂၀၂၃ နှစ်ကုန်ပိုင်းက မုန်းမြို့တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်များ၊စစ်သုံ့ပန်းများနှင့်​တော်လှန်​ရေးပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KNLA HQ)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *