တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၃၆ မြို့ရှိလာ
ဇန်နဝါရီလ ၂၈
ဒီနေ့ (ဇန်နဝါရီ ၂၈ )မနက်မှာပဲ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)ကရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်မြို့ကိုထိန်းချုပ်ထားပြီဖြစ်တယ်လို့ကြညာလိုက်သလို ၊ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်(KNDF ) က မော်ချီးမြို့ အပါအဝင် မော်ချီးဒေသ တစ်ခုလုံးနဲ့ ရွာသစ်မြို့ ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ပြီလို့ကြေသလိုက်ပါတယ် ။ဒါကြောင့် တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ပေါင်း ၃၆ မြို့ ရှိလာပြီဖြစ်ပါတယ် ။ တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားပေမယ့် သတင်းထုတ်ပြန်ခြင်းမရှိသေးတဲ့ မြို့တွေ ဒီအင်ဖိုဂရပ်မှာ ကျန်ရှိနိုင်ပါသေးတယ် ။တော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်ထားတဲ့မြို့တွေဟာ ရှမ်းပြည်နယ် မြောက်ပိုင်းမှာအများဆုံးဖြစ်ပြီးတော့ ချင်းပြည်နယ် ၊ကရင်နီပြည် ၊ ရခိုင်ပြည်နယ် ၊ကချင်ပြည်နယ် ၊ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ ဖြစ်ပါတယ် ။
ဇန်နဝါရီလ ၂၈