၃၆မြို့အပိုင်စားရလိုက်ဘီ

တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့​ပေါင်း ၃၆ မြို့ရှိလာ

ဇန်နဝါရီလ ၂၈

ဒီ​နေ့ (ဇန်နဝါရီ ၂၈ )မနက်မှာပဲ ပအိုဝ်းအမျိုးသားလွတ်​မြောက်​ရေးတပ်မ​​တော် (PNLA)ကရှမ်းပြည်နယ်​တောင်ပိုင်းက ဆီဆိုင်မြို့ကိုထိန်းချုပ်ထားပြီဖြစ်တယ်လို့​ကြညာလိုက်သလို ၊ ကရင်နီ အမျိုးသားကာကွယ်​ရေးတပ်(KNDF ) က ​မော်ချီးမြို့ အပါအဝင် ​မော်ချီး​ဒေသ တစ်ခုလုံးနဲ့ ရွာသစ်မြို့ ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ပြီလို့ကြေသလိုက်ပါတယ် ။ဒါ​ကြောင့် ​တော်လှန်​ရေးအဖွဲ့​တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့​ပေါင်း ၃၆ မြို့ ရှိလာပြီဖြစ်ပါတယ် ။ ​​တော်လှန်​ရေးအဖွဲ့​​တွေက ထိန်းချုပ်ထား​ပေမယ့် သတင်းထုတ်ပြန်ခြင်းမရှိ​သေးတဲ့ မြို့​တွေ ဒီအင်ဖိုဂရပ်မှာ ကျန်ရှိနိုင်ပါ​သေးတယ် ။​တော်လှန်​ရေးအဖွဲ့​တွေသိမ်းပိုက်ထားတဲ့မြို့​တွေဟာ ရှမ်းပြည်နယ် ​မြောက်ပိုင်းမှာအများဆုံးဖြစ်ပြီး​တော့ ချင်းပြည်နယ် ၊ကရင်နီပြည် ၊ ရခိုင်ပြည်နယ် ၊ကချင်ပြည်နယ် ၊ရှမ်းပြည်နယ်​တောင်ပိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ ဖြစ်ပါတယ် ။

ဇန်နဝါရီလ ၂၈

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *