တောင်ပိုင်းကခဝေးတွေကိုကြိတ်ဖို့ သင်တန်းဆင်လာဘီနော်

ဒေါနစစ်ကြောင်း အပတ်စဥ် ၉/၂၀၂၄ အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ…+++++++++++++++ဇန်နဝါရီ ၂၈ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃) ဒေါနစစ်ကြောင်းရဲ အပတ်စဥ်(၉) အခြေခံသင်တန်းဆင်းပွဲအခမ်းနားကို ဇန်နဝါရီ (၂၈) ရက်မှာ ကျင်းပခဲ့ပြီး ပူးပေါင်းမဟာမိတ်အဖွဲ့များက တက်ရောက်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ ဒေါနစစ်ကြောင်း အပတ်စဥ်(၉) အခြေခံစစ်ပညာသင်တန်းမှာ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်များ၊ ရေဖြူမြို့နယ်၊ ဝေဟင် အဖွဲ့က ရဲဘော်များ၊ ထားဝယ်မြို့ကာကွယ်ရေးအဖွဲ့ (DDT) က ရဲဘော်များအပြင် မဟာမိတ်တပ်ဖွဲ့များဖြစ်တဲ့ MSRF ရဲဘော်များ၊ ရေးသိမ်းငှက်အဖွဲ့ ရဲဘော်များ၊ ရေးပြောက်ကျားတပ်ဖွဲ့ရဲဘော်များ သင်တန်းတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ သင်တန်းဆင်းပွဲအခမ်းအနားမှာ သင်တန်းဆင်းရဲဘော်များက သင်တန်းကွင်းအတွင်း ချီတက်နေရာယူကာ အလေးပြု သစ္စာဆိုခဲ့ပြီး ပွဲတက်ရောက်တဲ့ တာဝန်ရှိသူများနဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့ခေါင်းဆောင်များက မိန့်ခွန်းများ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ သင်တန်းကာလအတွင်း ရဲဝံ့ကြိုးစားသူများကိုလည်း ဆုများချီးမြှင့်ခဲ့ပြီး လက်နက်ကြီး သင်တန်းဆင်းရဲဘော်များရဲ့ လေ့ကျင့်ရေးပြည့်ဝနေတဲ့ လက်နက်ကြီးပစ်ခတ်မှုစွမ်းရည်များ သရုပ်ဖော်ပြသခဲ့တယ်လို့ သိရပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွက် တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် အသက်ပေး ကာကွယ်သွားမယ်လို့ သင်တန်းဆင်းပွဲအခမ်းအနားမှာ ရဲဘော်များက ကတိသစ္စာပြု ကျိန်ဆိုခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *