နောက်ထပ်မဂ်လာသတင်းတစ်ခုထပ်လာပြန်ဘီ(ရုပ်သံ)

နမ့်ဖတ်ကာရှိ စစ်ကောင်စီ၏ ခလရ ၁၂၃ တပ်မှ လက်နက်ကြီး၊ လက်နက်ငယ် အလက် ၃၀၀ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရှိ စစ်ကောင်စီ၏ ခလရ ၁၂၃ တပ်မှ လက်နက်ကြီး၊ လက်နက် ငယ် အလက် ၃၀၀ သိမ်းဆည်းရရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စစ်ကောင်စီတပ်၏ နမ့်ဖတ်ကာ စစ်တပ်စခန်းကို KIA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတပ်စခန်းမှ လက်နက်ကြီးလက်နက်ငယ် ၃၀၀ ခန့် သိမ်းဆည်းရရှိကြောင်း ၊ လက်နက်များတွင် ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက် ၂ လက် ၊ ၈၁ မမ နှင့် ၆၀ မမ ၈ လက် ၊ စက်လက် ၁၇ လက်၊ ငါးကြင်းမြီး ၁၆ လက်၊ လက်ထောက် ၁၉ လက်၊ MA ၁၀၅ လက်၊ ဒရုန်း ၃ စီး၊ ဂျမ်မာစက် တစ်ခု အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“လက်နက်ခဲယမ်းတွေမှာ အကောင်းအတိုင်း ပြန်သုံးလို့ရတာတွေ အတော်များတယ်။ ပျက်စီးသွားတဲ့ လက်နက်တွေကိုတော့ ထည့်မတွက်ထားဘူး” ဟု KIA သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

နမ့်ဖတ်ကာတိုက်ပွဲတွင် စစ်တပ်ဘက်မှ FTC 2000 G တိုက်လေယာဉ်တစ်စင်းကိုလည်း KIA တပ်များက ပစ်ချနိုင်ခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *