သိန်းသုံးထောင်လောက်ပါသွားပြန်ဘီ

ပုဂံမြို့သစ်ရှိ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရဧရာဝတီ၊ ဇန်နဝါရီ ၃၁၊ ၂၀၂၄မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ကမ္ဘောဇဘဏ်သည် ယနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ဓားပြတိုက်ခံရကြောင်း ဒေသခံများထံက သိရသည်။ပုဂံဒေသခံတဦးက “ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရတယ်ဆိုတာ မှန်ပါတယ်ဗျ၊ မြို့သစ်ဘက် ဘဏ်ပါ၊ သိန်း ၃ ထောင်လောက် ပါသွားတယ်လို့တော့ သိရတယ်၊ အခုတော့ လုံခြုံရေးအဖွဲ့တွေ ရောက်နေပြီးတော့ စစ်ဆေးတာတွေ လုပ်နေကြတယ်၊ ကျန်တဲ့အသေးစိတ်တော့ ဘာမှ မသိရသေးဘူး”ဟု ပြောသည်။စစ်တပ်အာဏာသိမ်းပြီးနောက် ဘဏ်နှင့် ရွှေဆိုင်များ မကြာခဏ ဓားပြတိုက်ခံနေရပြီး ဇန်နဝါရီ ၂၃ ရက်ကလည်း မကွေးတိုင်း၊ နတ်မောက်မြို့၊ နတ်မောက် – မကွေး ကားလမ်းပေါ်ရှိ ကမ္ဘောဇဘဏ်ခွဲ ဓားပြတိုက်ခံခဲ့ရသလို ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါ ကမ္ဘောဇဘဏ်၊ မန္တလေးမြို့ ကမ္ဘောဇဘဏ် ၂ ခု၊ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်း ကမ္ဘောဇဘဏ်များလည်း ဓားပြတိုက်ခံခဲ့ရသည်။ထို့အတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ KBZ ဘဏ် ၂ တွင် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ယနေ့ နံနက် ၁၀ နာရီခန့်က Flying Dragon Force၊ သိင်္ခအားမာန်၊ Shwebo Crocodile၊ ရွှေဘိုအားမာန် မြို့ပြ ပြောက်ကျားတပ်ဖွဲ့စသော တပ်ပေါင်းစု ပူးပေါင်းကာ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုသည် နိုင်ငံတဝန်းရှိ ကမ္ဘောဇဘဏ်များကို သတိပေးခြင်းဖြစ်ကြောင်း Flying Dragon Force က ထုတ်ပြန်သည်။ကမ္ဘောဇဘဏ်သည် စစ်ကောင်စီ၏ ညွှန်ကြားချက်ဖြင့် K pay အကောင့်များကို ပိတ်သိမ်းခြင်း၊ K pay အကောင့်ပိုင်ရှင်များ ကို ဖမ်းဆီးနိုင်အောင် ကူညီပေးခြင်းများ လုပ်ဆောင်နေကြောင်း သုံးစွဲသူ ပြည်သူများထံမှ သိရသည်။ပုံစာ- မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်ရှိ ကမ္ဘောဇဘဏ်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *