မြင်းမူမြို့ အထက (၁)အမိုက်စားအက်ရှင်ရုပ်သံ

မြင်းမူမြို့ အထကကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

ဖေဖော်ဝါရီ ၂ ရက်

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အထက (၁)ကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို စစ်တပ်က အာဏာသိမ်း ၃ နှစ်ပြည့် ပြည်သူ့ရင်ခွင်မခိုလှုံ့ပဲ အရပ်သားတွေကို ဒုက္ခပေးနေတဲ့အ တွက် တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ DK PDF- MMUရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက် နံနက် ၉ နာရီအချိန်ခန့်က မြင်းမူမြို့ အထက (၁)ကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးမဟာမိတ်တပ်တွေက လက်နက်ကြီး လက်နက်ငယ် တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၄၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်သားတွေ ထိခိုက်မှု ရှိနိုင်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားတွေရဲ့ ထိခိုက်မှုကို မြေပြင်သတင်းအရ စုံစမ်းလျက်ရှိပြီး တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အထက်ပါစစ်ဆင်ရေးကို Dog Killers People’s Defence Force Myinmu (DK PDF-MMU)၊ PKDF ၊ဒေါင်းဘုရင် ၊ဇေယျာရွှေမြေ၊ မြင်းမူဖိုက်တာ၊မိုးညိုနဲ့ အနောက်ခြမ်း ပ.က.ဖ၊DBB.F စတဲ့ ညီနောင်မဟာမိတ်များမှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

မြင်းမူမြို့ပေါ်ရှိ စစ်တပ်အထိုင်စခန်းများကို တော်လှန်ရေးတပ်များက တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး တပ်မိသားစုဝင် ၂ ဦးအရှင်ဖမ်းဆီးရရှိ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ စစ်တပ်အထိုင်စခန်းများကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး တပ်မိသားစုဝင် ၂ ဦးကို အရှင်းဖမ်းဆီးရရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်၉ နာရီ ၄ မိနစ်အချိန်မှစ၍ မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ် အထိုင်စခန်းများကို DK MMU.အဖွဲ့ ၊ P.K.D.F.MMU.အဖွဲ့ ၊ ဒေါင်း ဘုရင် MMU.အဖွဲ့ ၊ ဇေရာရွှေမြေ MMU အဖွဲ့၊ ဖိုက်တာ MMU.အဖွဲ့ ၊ မိုးညို MMU.အဖွဲ့၊ ရ.သ.လ. ပ.က.ဖ.အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ တိုက်ပွဲအချိန် ၄၅ မိနစ်ကြာမြင်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်အထိုင်စခန်းမှ တပ်ကြပ် ကျော်နိုင်၏ ဇနီးနှင့် သမီး ၂ ဦးကို အရှင်ဖမ်းဆီးရရှိခဲ့ပြီး ၎င်းတို့ ၂ ဦးကို မြင်းမူမြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များထံသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *