ကင်းလှည့်ခဝေး၁၂ကောင်မတ်စေ့ငုံ

ထားဝယ်မြို့ပေါ်တွင် ကင်းလှည့်နေသည့် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်တွင် ကင်းလှည့်နေသည့် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွပ်၊ စောမိညိုလမ်းတွင် ကင်းလှည့်ရန် ထွက်လာသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံးပြီး ၁၄ ဦးထိခိုက် ဒဏ်ရာရရှိကာ တော်လှန်ရေး ရဲဘော် ၁ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“တိုက်ခိုက်မှုအတွင်း စစ်ခွေးတွေဘက်က ၁၂ ကောင်သေတယ်။ ၁၄ ကောင် ဒဏ်ရာရတယ်။ လက်နက်တွေ သိမ်းဆည်းရမိတာတော့ မရှိဘူး” ဟု ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း၏ တပ်ခွဲ ၁ ဖြစ်သော (Special Guerrilla Force ) အထူးပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထားဝယ္ၿမိဳ႕ေပၚတြင္ ကင္းလွည့္ေနသည့္ စစ္တပ္ စစ္ေၾကာင္းကို ၾကားျဖတ္ တိုက္ခိုက္မႈ စစ္ေကာင္စီ တပ္သား ၁၂ ဦးေသဆုံး
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂
တနသၤာရီတိုင္း၊ ထားဝယ္ၿမိဳ႕ေပၚတြင္ ကင္းလွည့္ေနသည့္ စစ္တပ္ စစ္ေၾကာင္းကို ၾကားျဖတ္ တိုက္ခိုက္မႈ စစ္ေကာင္စီ တပ္သား ၁၂ ဦးေသဆုံးခဲ့ေၾကာင္း ထားဝယ္ခ႐ိုင္ အမွတ္ ၂ တပ္ရင္းမွ တာဝန္ရွိသူ တစ္ဦးက ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္။
ဇန္နဝါရီလ ၃၁ ရက္ေန႔ ည ၈ နာရီ ၄၅ မိနစ္ခန႔္တြင္ ထားဝယ္ၿမိဳ႕၊ ဘုေမၼာ္ရပ္ကြပ္၊ ေစာမိညိဳလမ္းတြင္ ကင္းလွည့္ရန္ ထြက္လာေသာ အင္အား ၁၀၀ ခန႔္ပါ အၾကမ္းဖက္ စစ္တပ္ စစ္ေၾကာင္းကို ေတာ္လွန္ေရး တပ္ဖြဲ႕မ်ားက ၾကားျဖတ္ တိုက္ခိုက္ခဲ့ရာ အၾကမ္းဖက္ စစ္ေကာင္စီ တပ္သား ၁၂ ဦးေသဆုံးၿပီး ၁၄ ဦးထိခိုက္ ဒဏ္ရာရရွိကာ ေတာ္လွန္ေရး ရဲေဘာ္ ၁ ဦးလည္း ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ထိေတြ႕ တိုက္ပြဲျဖစ္ပြားၿပီးေနာက္ ည ၉ နာရီ ၃၀ မိနစ္ခန႔္တြင္ ေတာ္လွန္ေရး တပ္ဖြဲ႕ဝင္မ်ား ေအာင္ျမင္စြာ ဆုတ္ခြာႏိုင္ခဲ့ေၾကာင္း သိရွိရသည္။
“တိုက္ခိုက္မႈအတြင္း စစ္ေခြးေတြဘက္က ၁၂ ေကာင္ေသတယ္။ ၁၄ ေကာင္ ဒဏ္ရာရတယ္။ လက္နက္ေတြ သိမ္းဆည္းရမိတာေတာ့ မရွိဘူး” ဟု ထားဝယ္ခ႐ိုင္ အမွတ္ ၂ တပ္ရင္းမွ တာဝန္ရွိသူ တစ္ဦးကေျပာဆိုသည္။
အဆိုပါ တိုက္ခိုက္မႈကို ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္၊ထားဝယ္ခ႐ိုင္အမွတ္ ၂ တပ္ရင္း၏ တပ္ခြဲ ၁ ျဖစ္ေသာ (Special Guerrilla Force ) အထူးေျပာက္က်ားတပ္ဖြဲ႕က တိုက္ခိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *